ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။

ရန်ကုန်က မြို့နယ်အသီးသီးမှာ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် လူဦးရေး ၅၉၆ ယောက်ကို  စစ်မှုထမ်းဖို့ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ဧည့်စာရင်း အပါအဝင် ဖောက်ခွဲရေးပြုလုပ်တယ်ဟုဆိုကာ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာလို့ RSN က သူတို့ရရှိထားတဲ့ စာရင်းတွေကို အခြေခံကာ ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေသာမက အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

RSN ၏ အချက်အလက်အချို့ (ဓာတ်ပုံ RSN)

စစ်မှုထမ်း အပတ်စဉ် (၈) အတွက် စစ်ကောင်စီဘက်က အပူတပြင်းလူလိုအပ်နေစဉ်မှာပဲ ရန်ကုန်မှာ အကြောင်းမဲ့ ဖမ်းဆီးခံရမှုတွေက ဒီဇင်ဘာလအတွင်း ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကလည်း မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ကို ရာနဲ့ချီတဲ့ စစ်သားတွေက တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ကာ မသင်္ကာသူ ၂၀၀ ထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသေးတယ်။

တောင်ဒဂုံ၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူပျောက်မှုတွေ အများဆုံး ဖြစ်ပေါ်နေပြီး အများစုဟာ အသက် ၁၆ နှစ်ကနေ ၃၀ ဝန်းကျင်အထိ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

AA ထိန်းချုပ်ရာ သံတွဲမြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၅ ဦး ဒဏ်ရာရ

ါးနေသလိ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။