ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှော့တိုက်ဒုံးတွေက  လေယာဉ်ဂိုဒေါင်ကို ထိမှန်ကာ K8 လေယာဥ်တွေနဲ့အတူ လေယာဥ်ပြေးလမ်း၊  လေတပ်အုပ်ချုပ်ရေးရုံး၊ အရာရှိရိပ်သာနဲ့ အရာရှိအိမ်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း  Brave Warriors For Myanmar ( BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

၇၇နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ရက်၊ မနေ့က မနက်အစောပိုင်းမှာ Brave Warriors For Myanmar (BWM) နဲ့ ပူးပေါင်းအဖွဲ့တွေက တောင်ငူ(ကေတုမတီ) လေတပ်ဌာနချုပ်ဝန်းထဲကို  ၁၀၇မမ ရှော့တိုက်ဒုံး ၁၂လုံး ပစ်ခတ်တိုက်ခိုက်ရာမှာ ၁၀လုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်နေပုံ (ဓာတ်ပုံ BWM)

BWM ရဲ့ Mission 28 အဖြစ် ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေက ဌာနချုပ်ဝန်းထဲက နေရာ၆ နေရာကို ထိမှန်ခဲ့တဲ့အတွက် လေယာဥ်ဂိုဒေါင်ထဲက K8 လေယာဥ်၂စင်း ရှေ့လေကာမှန်တွေကွဲတာ၊ လေယာဉ်ဘီးရှော့ဘားနဲ့ လေယာဉ်ရှေ့ပိုင်း ကျိုးကြေပျက်စီးတာတွေရှိခဲ့ကြောင်း၊ ဦးစီးအရာရှိ အပါအဝင် အရာရှိ ၃ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်သေဆုံးခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိ ၈ယောက်မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း ပြောပါတယ်။

“နေ့နေ့ညည အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စကစ လေတပ်ကို လွတ်လပ်ရေးနေ့မှာ ထိထိရောက်ရောက် တိုက်ခိုက်ချင်လို့ ဒီမစ်ရှင် ဖော်ဆောင်ခဲ့တာပါ။ အခု ဖရဲသီးသတင်းအရ ထိရောက်တဲ့ ပျက်စီးမှုတွေရှိတယ်လို့သိရလို့ ကျနော်တို့ အထူးကျေနပ်အားရကြပါတယ်။” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလိုမျိုးလေတပ်ဌာနချုပ်ဝန်းထဲ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် တောင်ငူလေတပ်စခန်းကို လေယာဥ်အတက်အဆင်းနည်းသွားသလို  ပျံMi 35 တစ်စင်းသာ အတက်အဆင်းပြုလုပ်သွားတယ်လို့ သိရပါတယ်။

ကျရောက်ပေါက်ခဲ့သည့် နေရာများ (ဓာတ်ပုံ BWM)
0 Shares:
You May Also Like
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း၏ ကင်းပုန်းတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က မျက်မြင် ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းရဲ့ ကင်းပုန်းတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က မျက်မြင် ၄ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။