စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

မိသားစုလိုက် အသတ်ခံရမှု ၂ လတာ ကြာမြင့်သွားပြီဖြစ်ပေမယ့် အခုချိန်ထိ အမှုမှန်မပေါ်ပေါက်သေးတာကြောင့် တရားမျှတမှုရှိရေးအတွက် ဒေသခံပြည်သူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာန်ခံ ဦးဝင်းဌေး အပါအဝင် ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ ၃ လသားအရွယ် သမီးလေး ရွှေဝတ်ရည်လွှာတို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက် ညပိုင်းက နေအိမ်မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီး ကျူးလွန်သူ၊ စေခိုင်းသူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် အခုချိန်အထိ အမှုမှန် မပေါ်ပေါက်သေးပါဘူး။

0 Shares:
You May Also Like
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များကို ရာထူးတာဝန်အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များကို လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်

ဒီနေ့ ဩဂုတ်လ (၈) ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး MSRF ရဲဘော်တွေကို ရာထူးတာဝန်တွေ အပ်နှင်းကာ သင်တန်းဆင်း ရဲ‌ဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။