သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။

သထုံမှာ အခြေစိုက်တဲ့ NUG လက်အောက်ခံအမှတ်(၂)စစ်ဒေသခွဲ၊တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ – ၅ (YARMA BRIGADE) က တော်လှန်ရေးအတွက် လိုအပ်တဲ့ ရဲဘော်တွေကို ခေါ်ယူလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်သားတွေ စုစည်းထားတဲ့ YARMA BRIGADE မှ ရဲဘော်သစ်များကို အဓိက ခေါ်ယူလိုက်တာဖြစ်ပြီး   အခြေခံစစ်ပညာသင်တန်းများကို လည်းပေးအပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လာရောက်လျှောက်ထားသူတွေအနေနဲ့  အခြေခံစစ်ပညာသင်တန်း တက်ရောက်နိုင်သူ၊ ကိုယ်အင်္ဂါသန်စွမ်း၍ ကျန်းမာရေးကောင်းမွန်သူ၊ ကျရာနေရာတွင် တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်းအနည်းဆုံး (၂) နှစ် ပြည့်အောင် တာ၀န်ထမ်းဆောင်ရမှာဖြစ်ပြီး

တော်လှန်ရေးအပေါ်ထားရှိတဲ့ ခံယူချက်နှင့်စိတ်ဓာတ်ပြင်းပြရန်လိုပြီး တပ်အတွင်းမှချမှတ်ထားတဲ့  စည်းကမ်းများကိုလိုက်နာနိုင်ရမယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။