မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီရဲံ ခမရ (၅၈၃) တပ်ရင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၈၃)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာ ၃၁ရက်တွင် ရေးမြို့နယ်၊ကျောင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ခမရ (၅၈၃)အတွင်းသို့ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 

ဓာတ်ပုံ (Daw Na Column-P29902  (ဒေါနစစ်ကြောင်း))

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရေးမြို့က စစ်ကောင်စီတပ်စခန်းတွေ အနီးတစ်ဝိုက်မှာ အများပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ သွားလာမှုတွေ ရှောင်ကြဉ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အခုရက်ပိုင်းအတွင်း သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအချို့ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ရေးမြို့အနီးမှာ အခုရက်ပိုင်းအတွင်း စစ်ရေးအရ တင်းမာနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရင်း အသက်ပေးခဲ့ရသည့် ABSDF ရဲဘော် ၃ ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းက ရဲဘော် ၃ယောက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ABSDF Column – 3 က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ဆုတ်သွားသည်အထိ တိုက်ခိုက်ရင်း မင်းကွန်းနယ်အတွင်းက ကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။