စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၃ရက် မနက်ပိုင်းက စစ်ကိုင်း၊ အုန်းတောမြို့မှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် လွှမ်းမိုးနိုင်ဆိုသူကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက နေအိမ်ကအထွက်မှာ အသင့်စောင့်ကြိုဖမ်းဆီးရာ ပြန်လည်ခုခံတဲ့အတွက် နေရာမှာတင် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်လွှမ်းမိုးနိုင်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများ

ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင် လွှမ်းမိုးနိုင်ဟာ နယ်ထိန်း၊ ရဲတပ်ကြပ်ဟောင်းတစ်ယောက်ဖြစ်သလို ညောင်ပင်စဉ်၊ မြင်းမွှေးကျေးရွာတို့မှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ၁ယောက် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆင်တပ်ကျးရွာနေ ပြည်သူ့စစ် (ပျူစောထီး)တွေကို ဦးဆောင်ပြီး စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ငွေညှစ်၊သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် မူးယစ်ဆးဝါးနဲ့ လောင်းကစားဝိုင်းတွေမှာဆက်ကြေးကောက်ရင်း စစ်ကောင်စီကို ထောက်ပို့လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်လွှမ်းမိုးနိုင်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများ

ဒါ့အပြင် တော်လှန်ရေးလုပ်နေသူတွေနဲ့ ထောက်ပို့တွေရဲ့ သတင်းကိုစုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးတိုင်ကြားကာ ကိုယ်တိုင်ဖမ်းဆီးပြနေတာကြောင့် အခုလိုရှင်းလင်းခဲ့ရတာလို့လည်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“သူက အရင်က နယ်ထိန်း ရဲတပ်ကြပ်ပါ။ အဲ့ကတည်းက ကား Without ရောင်းဝယ်တယ်။ စျေးကြီးတဲ့ သစ်တမလန်းတွေ မှောင်ခိုလုပ်တယ်။ ဒီနယ်မှာ စစ်တပ်အတွက်ကတော့ အများကြီးလုပ်ပေးတဲ့သူလို့ ပြောရမယ်။ ဒီနယ်တဝိုက်က ပျူတွေက သူ့လက်အောက်ကပါ။ ညောင်ပင်စဉ်ရွာက အိမ် ၆ လုံးကိုလည်း မီးရှို့ခဲ့တယ်။ PDF တွေကို ခြိမ်းခြောက်ကြိမ်းဝါးရုံမကဘူး။ တော်လှန်ရေးရဲဘော်တွေ သူ့ကိုတိုက်ခိုက်တော့ သူက ဆင်တပ်ပျူတွေနဲ့ ပေါင်းပြီး ရွာထဲဝင်ပစ်တယ်။ အိမ်တွေမီးရှို့တယ်။ ကျသွားတဲ့ ရဲဘော်တစ်ယောက်ရဲ့ ညီကိုလည်း အိမ်မှာဝင်ဖမ်းသွားတာ အခုထိ သေသလားရှင်သလား မသိရသေးဘူး။ “လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကိုပြောပါတယ်။

ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်လွှမ်းမိုးနိုင်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများ

သူကပဲ ဆက်လက်ပြီး “သူကိုဖမ်းဖို့ကြံပေမယ့် လွတ်လွတ်နေတာပါ။ အခုတစ်ခါကတော့ မလုပ်ခင် ၃ ရက်လောက်အလိုကတည်းက စောင့်ကြည့်နေခဲ့ရပါတယ်။ ခါတိုင်းဆို သူ့နားမှာ ဆင်တပ်က ပျူတပည့်တွေရော၊ ရဲထဲကလူတွေရော ပါတတ်တယ်။ အဲ့နေ့က တစ်ယောက်တည်း ရွာထဲက သူ့အိမ်ကလာတာ။ အဲ့ကအပြန် ရွာလမ်းမကြီးပေါ်မှာ ဖမ်းခဲ့တာပါ။” လို့ ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် လွှမ်းမိုးနိုင်ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် သူနဲ့ပါလာတဲ့ ကားထဲကနေ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်တွေကသိမ်းဆည်းရမိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းလက်ပံ Shunda Park ကျားဖြန့်ခြံဝင်းကို ချိတ်ပိတ်လိုက်ကြောင်း KNU ကြေညာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ် မင်းလက်ပံရှိ Shunda Park ကို ကော်သူးလေရဲ့ တရားရေးစနစ်နဲ့အညီ ချိတ်ပိတ်လိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ခြံဝင်းအတွင်းရှိ သက်သေခံအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အရှိူချင်းကာကွယ်ရေးတပ်နဲ့ မြို့နယ် ပ.က.ဖ ကူညီထောက်ပံ့ပေးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် - ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာကာ ဖမ်းမိနိုင်ရေး ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။