စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ထံက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးရာမှာ ဇန်နဝါရီ ၃ရက်နေ့နဲ့ ၄ရက်နေ့ အတွင်း စစ်သား ၁၁ ယောက်ကို မကွေးတိုင်း၊ ငဖဲမြို့နယ်မှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်သားတွေဟာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာရှိတဲ့ စစ်စခန်းတွေကနေ ထွက်ပြေးလာတာဖြစ်ပြီး သူတို့နဲ့အတူ လက်နက်ငယ် ၉လက်၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

CDF-Asho က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ
CDF-Asho က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

အာရက္ခတပ်တော် AA ဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို အလုံးစုံ ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။ နပခ (အမ်း) တိုက်ပွဲမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ အပါအဝင် ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို AA က ဖမ်းဆီးရမိခဲ့တာပါ။

အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက မကြာခဏ ကြားသိရပြီး အခုလည်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ၂ရက်အတွင်း စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမိးမိခဲ့တာ ဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ဟာ ဇန်နဝါရီ ၃ရက်နေ့ မနက်ပိုင်းကလည်း ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာမြို့နယ်ဘက် သွားတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကား ၂စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် သေကာ ၆ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ CDF – Asho နဲ့ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။