ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ စစ်ကောင်စီအတွက် ထောက်လှမ်းသတင်းပို့နေသူကို ဖမ်းဆီးရမိခဲ့မယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းပစ်ခတ်လိုက်ရတယ်လို့ BTZM GBK PDF ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်၊ ညနေ ၃ နာရီအချိန်မှာ သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါးကို  မသင်္ကာတာကြောင့် တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးရာမှာ အဲဒီဘုန်းကြီးဟာ တပ်မ ၆၆ ကနေ သူလျှိုအဖြစ် ကြို့ပင်ကောက်မြို့နယ်က ရုံးချောင်းရွာ၊ အေးရွာလေးရွာ၊ သင်္ခရိုင်ကျေးရွာတွေဘက်ကို သတင်းစုံစမ်းဖို့ ရှေ့ပြေးလွှတ်လိုက်တဲ့ သူဖြစ်ကြောင်းကို သိရှိခဲ့ရတယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဘုန်းကြီးအသွင်ယူ စစ်တပ် ထောက်လှမ်းသတင်းပေး

“သာယဝတီခရိုင် (၈) မြို့နယ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးအသွင်ယူပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာနေတာ… တပ်မ ၆၆ ကနေ ဇီးကုန်းနဲ့ ကြို့ပင်ကောက်ဘက်ကို စစ်သူလျှိုတွေ ပုံစံအမျိုးမျိုးနဲ့ အသွင်ယူပြီး ကားတွေနဲ့လာချတာ…. ခုသင်္ကန်းဝတ်နဲ့ အယောင်ဆောင်ပြီး ဝင်လာတယ်…. မသင်္ကာလို့ စစ်မှ သူ့ကနေ စစ်ယူနီဖောင်းတွေ့ရှိတာပါ” လို့ BTZM GBK PDF တပ်ခွဲမှူး တေဇမင်းက မောင်းကို ပြောပါတယ်။

အဲဒီနောက် ထပ်မံစစ်ဆေးရာမှာ တပ်မ ၆၆ ကနေ PDF တွေရဲ့ တည်နေရာကို စုံစမ်းဖို့ ရောက်ရှိလာကြောင်းသိရပြီး စစ်ဆေးပြီးချိန်မှာ ချုပ်နှောင်ဖို့ ဖမ်းခေါ်လာစဉ် လမ်းခုလပ်မှာ  ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်တိုက်ဖျက်ရေးတွင် KNU ပါဝင်လာ၊ ကျားဖြန့်ဂိုဏ်းနေရာကို နိုင်ငံတကာ လာ‌ရောက်လေ့လာရန် ဖိတ်ခေါ် 

မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကလလတ မှ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး…

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီအဖွဲ့ဝင် ၂ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

အကြမ်းဖက် စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းတရားရုံးလို့ အများသိကြတဲ့ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီ အဖွဲ့ဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ Shwe Pyi Thar Strike Committee က ထုတ်ပြန်ထားပါတယ်။