ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဖျာပုံလမ်းက စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုမှာ ပါဝင်သူတွေအဖြစ် စွပ်စွဲကာ အမျိုးသမီး ၁ယောက်အပါ လူငယ် ၈ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူ ၈ယောက်ကို အင်းစိန်မြို့နယ်က ရာအိမ်မှူး ဇော်မင်းထွန်း သေနတ်နဲ့ ပစ်ခတ်ခံရမှု၊ လှိုင်သာယာ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ဇော်ဦး ပစ်ခတ်ခံရမှုနဲ့ ယုန်လေး နေအိမ်အနီး ဗုံးဖောက်ခွဲမှုတို့မှာ ကျူးလွန်သူတွေအဖြစ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတာပါ။

ကျူးလွန်သူတွေအဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားပုံ
ကျူးလွန်သူတွေအဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားပုံ

“အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတဲ့သူတွေကို ဖောက်ခွဲမှု၊ လုပ်ကြံမှုကျူးလွန်သူတွေကို စေခိုင်းသူများ အပါအဝင် လက်နက်ယမ်းများကိုပါ ဖမ်းဆီးရမိထားတယ်လို့ ဇန်နဝါရီလ ၅ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်လာတာ သိရတယ်။ အမှန်တကယ် ကျူးလွန်သူဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ပါလိမ့်မယ်။ အခုချိန်မှာ အကြမ်းဖက်စစ်တပ်က တွေ့သမျှလူတွေကို ဖမ်းဆီးတယ်။ ပြီးရင် သူတို့အထက်ဌာနတွေကို လိမ်လည်ပြီး ကျူးလွန်သူတရားခံတွေ ဖမ်းမိပြီဆိုပြီး ဖော်ပြလေ့ရှိတယ်။ အမှန်တကယ် ဖောက်ခွဲရေးလုပ်ဆောင်တဲ့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေတော့ မဟုတ်ဘူး။ တကယ်ဖမ်းဆီးခံရရင်တောင် တော်လှန်ရေးဘက်တော်သားသတင်းဌာနတွေကို ပေးပို့သွားမှာဖြစ်တယ်” လို့ ရန်ကုန် UG မြို့ပြ​ပြောက်ကျား တော်လှန်ရေးတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကောင်စီဟာ မြို့ပြ UG တွေရဲ့ တိုက်ခိုက်မှုခံရတဲ့အခါတိုင်း သူတို့ ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကျူးလွန်သူတွေအဖြစ် တံဆိပ်ကပ် ဖော်ပြလေ့ရှိကြောင်း မြို့ပြပြောက်ကျားအဖွဲ့တွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို လာသည့် အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲများ ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၃ ဦးသေပြီး ဒုတပ်ကြပ်ကို အရှင်ဖမ်းမိ၊ ရဲ ၁ ဦးအလင်းဝင်ပြီး စစ်မှုထမ်းဆင်း စစ်သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ  တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၃ ယောက်သေဆုံးပြီး ဒုတပ်ကြပ် ၁ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြံ့ခိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲသူအပါ ၇ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး၊ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၉၅ ဦး ရှိပြီ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့နယ်တွင် PDF တပ်ရင်းမှူး ထောက်ခံစာဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် တော်လှန်ရေးရဲဘော် ၃ ဦးအပါ ၅ ဦးကို CDF-Hakha ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို PDF တပ်ရင်းမှူး ထောက်ခံစာနဲ့အတူ သယ်ယူလာတဲ့ တော်လှန်ရေးရဲဘော် ၃ ယောက်အပါအဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။