ဗျူဟာကျကျ စစ်တိုက်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေလိုချင်လို့ ချင်းညီနောင်အဖွဲ့နဲ့အတူ  မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ပြည်သူတွေကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့တဲ့  မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃က တပ်ခွဲတစ်ခုအနေနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၊ ကိုယ်လက်အင်္ဂါပြတ်တောက်သူတွေနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၄ ယောက်အထိ ရှိခဲ့တယ်လို့သိရပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ဖြစ်ခဲ့ပုံနဲ့ စစ်ရေးအတွေ့အကြုံကောင်းတွေရခဲ့ပုံကို မုံရွာခရိုင် အမှတ် -၃တပ်ရင်း ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ရဲဘော် သစ်တောက အခုလိုပြောပါတယ်။

“စစ်ရေးမှာ ဗျူဟာကျကျ ဘယ်လိုတိုက်ရတယ်ဆိုတာ အတွေ့အကြုံကောင်းတွေရချင်တာရော မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုခွန်အားတွေနဲ့ ဘယ်လိုတိုက်ရမယ်။ စစ်ရဲ့သဘောသဘာဝဆိုတာ ဒီလိုတိုက်ပွဲမျိုးတွေမှာမှ လက်ခံရရှိမယ်ဆိုတာကို သိလို့ပူးပေါင်းပါဝင်ခဲ့တာပါ။ အခုလို မြို့သိမ်းစစ်ဆင်ရေးမှာ တိုင်းရင်းသားညီကိုတွေနဲ့ ပူးပေါင်း တိုက်ခိုက်ရသလို ကိုယ့်ရပ်ရွာကိုယ့်ဒေသမှာလည်းပျူရွာသိမ်း၊ စခန်းသိမ်းတွေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တိုက်ပွဲဝင်နိုင်အောင်ပါ” လို့ ပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “အညာဒေသမှာ တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ထက် ချင်းညီနောင်မှမဟုတ်ဘူး။ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းနေနေ စစ်ရေးပိုင်းမှာ အတွေ့အကြုံကောင်းတွေရှိတယ်။ အားသာချက်တွေရှိတယ်။ ပြောင်မြောက်တဲ့ ဗျူဟာတွေဆွဲနိုင်တယ်ပေါ့။ ​ကျနော်တို့ရဲဘော်တွေ အတွေ့အကြုံကောင်း အများကြီးရခဲ့ပါတယ်။ စစ်ရဲ့သဘောသဘာဝ ၊ စစ်ရဲ့ဗျူဟာတွေနဲ့ ဘယ်လိုလုပ်ပြီး ဘယ်လိုတိုက်ပွဲဝင်ရတယ်ဆိုတာတွေ၊အတွေ့အကြုံကောင်းတွေကို ချင်းညီနောင်ဆီကနေ ရခဲ့ပါတယ်။” လို့ မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၁ရက်နေ့က စစ်ကောင်စီလက်ကျန်စခန်း ခလရ (၂၇၄) ကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ မင်းတပ်တစ်မြို့လုံးကို ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်တာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“မြို့သိမ်းအော်ပရေးရှင်းကြီး တစ်ခုလုံးမှာ ချင်းညီနောင်နဲ့အတူ ကျနော်တို့ ရဲဘော်တွေလည်း သူ့နေရာနဲ့သူ ပါဝင်ခဲ့ပါတယ်။  တပ်စွဲတွေထဲ မျှပြီးပါဝင်တိုက်ခိုက်ခဲ့ရတာဆို​တော့ ရဲဘော်တွေအနေနဲ့ အကုန်ကြုံခဲဲ့ကြရတယ်ပေါ့။ Y12 နဲ့ချသွားတာတို့ ဂျက်ဖိုက်တာနဲ့ ဘယ်လိုပစ်သွားတာတို့ကို မျက်ဝါးထင်ထင်မြင်ခဲ့ကြတဲ့ ရဲဘော်တွေချည်းပါပဲ။မျှော်မှန်းထားတာထက် ပိုပြီးရဲရဲဝံ့ဝံ့ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ရဲဘော်တွေအတွက်ရော ချင်းညီနောင်အတွက်ပါ ဂုဏ်လည်းဂုဏ်ယူရသလို ဝမ်းလည်းဝမ်းသာရပါတယ်။” လို့ မုံရွာခရိုင် အမှတ် -၃တပ်ရင်း ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ရဲဘော် သစ်တောက မောင်းကိုပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် AA က စစ်လက်နက်နဲ့ စစ်ကူ၊ စစ်ဘက်ဆိုင်ရာအကြံဉာဏ်တွေပေးခဲ့သလို ချင်းညီနောင်၊  မုံရွာခရိုင် အမှတ် -၃တပ်ရင်း၊ ယောဒေသတော်လှန်ရေးတပ် (YDF) ၊ Yaw Army (YA) တို့က ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂၃ယောက် လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကာ ခလရ (၂၇၄) တပ်ရင်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင် ၁၆၀ နီးပါးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းညီနောင်ကထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေအနေနဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့မှာ အခြေချရာနေရာကို ပြန်ရောက်လာခဲ့ပြီး အညာဒေသတပ်ရင်းတွေနဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

KK Park စီးနင်းမှုအပြီး လွတ်မြောက်ခွင့်ထက် ဒေါ်လာ ၁,၄၀၀ လစာကို ရွေးချယ်သွားသည့် ‘ကျားဖြန့်’ ဝန်ထမ်းများ

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား "ကျားဖြန့်" လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံခေါ်သွားမယ့် ပွဲစားက စစ်တပ်ထဲရောင်းစားခဲ့လို့ ပြန်ထွက်ပြေးလာရသူ

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။