ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ထုတ်ပြန်ထားပါတယ်။
အနန်းကွင်းဗျူဟာစခန်းကို စစ်ကူပို့ဖို့နဲ့ လူနာသယ်ဖို့လာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို KNLA၊ SOF နဲ့ ပူးပေါင်းအဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၃၀ ရက်ကနေ ဇန်နဝါရီလ ၂ ရက်အထိ ၄ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က သေဆုံးသူ အလောင်း ၄၀ ကျော်အထိရရှိခဲ့ပြီး လက်နက်ကြီးအပါ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်တပ်စစ်ကြောင်းက စစ်သားအများအပြား လက်နက်ချအညံ့ခံခဲ့သလို စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ဆုတ်ခွာသွားတယ်လို့ SOF က ဆိုပါတယ်။
အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ် ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ Y12 ဗုံးကြဲလေယာဥ်နဲ့ ၁ ကြိမ် ၊ လက်နက်ကြီး အကြိမ် ၁၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၅ ယောက်ခန့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – သေဆုံးနေတဲ့ တပ်မ ၄၄ က စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (SOF ရုပ်/သံမှ)
0 Shares:
You May Also Like
Read More

ပျူစောထီးခေါင်းဆောင်ကို သွားရောက်ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီမှ မိုင်းသမားရဲဘော် ၁ ဦး ကျဆုံးခဲ့

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အိုးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုကွီး(ခ) ခင်မောင်လတ်ကို သွားရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် လှကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းသဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျောက်တိုင်ဆေးရုံက စစ်ကောင်စီစခန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ ၁၂ က ထွက်လာတဲ့ စစ်တပ်ဖောကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၁၀ ယောက်သေဆုံးပြီး အရာရှိတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 
Read More

ထိုင်းနိုင်ငံမှာ စက်ရုံမှ လုပ်ခလစာ မရသည့် မြန်မာလုပ်သား ၁၅ ယောက်ကို လုပ်ခလစာ ရရှိအောင် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့..

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။