ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ သင်တန်းဆင်းပွဲ အခမ်းအနားမှာ TNLA က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့နယ် (၁၂)မြို့နယ်ကို အုပ်ချုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးဌာနင အလွန်အရေးပါတဲ့ ဌာနတစ်ခုဖြစ်​သလို သင်တန်းဆင်းသွားတဲ့ ကျောင်းသားတွေက အစိုးရတစ်ခုရဲ့ ကိုယ်လက်အစိတ်အပိုင်းတွေ ဖြစ်‌တယ်လို့ အမှာစကားပြောကြားခဲ့ကြောင်း TNLA က ဆိုပါတယ်။
အုပ်ချုပ်ရေးသင်တန်းကျောင်းမှာ သင်တန်းသားတွေဟာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဘာသာရပ်အမျိုးစား ၃ ခုခွဲခြားထားကာ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ဆိုင်တဲ့ဘာသာရပ်တွေ၊ ရဲလုပ်ငန်းနဲ့ ဆိုင်တဲ့ဘာသာရပ်တွေကို အဓိက သင်ကြား‌ပေးခဲ့သလို ကွင်းဆင်းပြီး လက်တွေ့လုပ်ငန်းတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီသင်တန်းကျောင်းမှာ သင်တန်းသား (၅၅) ယောက် တက်ရောက်သင်ကြားခဲ့ပြီး အုပ်ချုပ်ရေးနဲ့ တရားဥပ‌ဒေစိုးမိုးရေးနေရာတွေမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ကျောင်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ မူဝါဒတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ (၂) အနာဂါတ် တအာင်းပြည် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ရဲချုပ်တွေ မွေးထုတ်ပေးနိုင်ဖို့၊ (၃) ပြည်သူ့ဗဟိုပြု ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ဖို့၊ (၄) အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးကျောင်း အပတ်စဥ် (၁) ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်ပေးခဲ့ပြီး သင်တန်းသား (၅၄) ယောက် တက်ရောက်သင်ကြားပြီးစီးခဲ့ကာ သင်တန်းဆင်းကျောင်းသားတွေက လက်ရှိအချိန်မှာ TNLA ရဲ့ ရုံးချုပ်ရုံးအုပ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်ရုံးအုပ်တွေ၊ မြို့နယ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့မှူးနေရာတွေမှာ တာဝန်အသီးသီးနဲ့ ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
အပတ်စဥ် ၂ သင်တန်းဆင်းပွဲကိုတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုက္ကဌ (၁) ဒုတိယဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုက္ကဌ (၂) ဗိုလ်ချုပ် တားခူရ်လာင်း၊ ဗိုလ်မှူးချူပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံတွေနဲ့ ရဲဘော်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒိုက်ဦးထောင်က နိုင်ကျဉ်းတစ်ယောက်ဆီမှာ ဆေးလိပ်အခွံ တွေ့တယ်ဆိုပြီး ထောင်ပိုင်တွေက ရိုက်နှက်နှိပ်စက်

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ထံက ပွတ်ချွန်း (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူ) တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်တွေက အဲဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

မင်းကင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အထိအခိုက်များ၊ စစ်သားအလောင်း ၄ လောင်းနှင့် ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ​ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ် PDF ရဲ့ ဒရုန်းသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 wings နဲ့ သရက်ချောင်း(ပကဖ) ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တို့ရဲ့ အပတ်စဥ် (၁) ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။