အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က ဇန်နဝါရီ ၃ ရက် မနေ့က အကျဉ်းထောင်တွေဆီ သွားရောက်ပြီး လွတ်ငြိမ်းသက်သာခွင့် ရရှိတဲ့ အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁ ရက် ၂၀၂၅ နှစ်သစ်မှာ နိုင်ငံတစ်ဝန်း ဖမ်းဆီးအကျဥ်းချထားတဲ့ အကျဥ်းသား အကျဥ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လွတ်ငြိမ်းသက်သာခွင့် မရရှိတဲ့ အကျဥ်းသားအကျဥ်းသူတွေကိုလည်း ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံကို လျှော့ပေါ့ကျခံစေဖို့ NUG ယာယီသမ္မတက အမိန့်ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်း ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။