ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ အဆိုပါစစ်ကောင်စီတပ်သားက MA-11 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခု ယူဆောင်လာကာ KNDF တပ်ရင်း ၉ ဆီ အလင်းဝင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဆီက ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူဟာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မဲပေါက်ပြီး စစ်ကောင်စီရဲ့ အပတ်စဥ်(၁) စစ်သင်တန်းဆီ အတင်းအဓမ္မပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်တန်းပြီးတဲ့နောက် ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) လက်အောက်ခံတပ်ရင်းရဲ့ တပ်သားအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လမှာ ကရင်နီပြည်နယ်ကို စတင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲပို့ခံရတာ၊ အာဏာရှင်အတွက် ပြည်သူအချင်းချင်း အဓိပ္ပါယ်မဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုလိုတာနဲ့ သာမန်လူတစ်ယောက်လိုသာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းချင်တာတို့ကြောင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သား ၄ ယောက်က သေနတ် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံခဲ့ပြီး ၃ လအတွင်း စုစုပေါင်း တပ်သား ၅ ယောက် KNDF တပ်ရင်း ၉ ဆီ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၉ အနေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေအတွက် လိုအပ်တဲ့အကူအညီအချို့ကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေဆီ ပို့ဆောင်ကာ လုံခြုံတဲ့နေရာမှာ ထားရှိပြီး​​ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ တပ်သားတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ဘက်ပြောင်းခိုလှုံကြဖို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

ရခိုင်ပြည်နယ် အပို့ခံထားရတဲ့ ဧရာဝတီတိုင်းက စစ်တပ်တွေ အသေအပျောက် များနေပြီး စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရောက်နေသူတွေ စစ်ကောင်စီ ပို့ပေးနေ…

ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ၃ ကြိမ်မြောက် အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားစဉ် ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာသည့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၃ ဦးကို အရှင်ဖမ်းမိ အသေဖမ်းမိသူများလည်း ရှိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့

“စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတာဖြစ်လို့ သုံ့ပန်းဥပဒေတွေအတိုင်း တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ ပုံမှန်အတိုင်း လည်ပတ်နေကြပါပြီ” လို့ ULF V 02 သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။