ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

တောင်ငူလေတပ်စခန်းဟာ နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေတဲ့ လေတပ်တွေထဲမှ တောင်ပိုင်းရှိအရေးပါတဲ့ လေတပ်စခန်းတစ်ခုဖြစ်သလို ပြည်သူကို လေကြောင်းတိုက်ခိုက်ရာမှာ အဓိက သုံးတဲ့ MiG-29 Jet Fighter နဲ့ Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေတဲ့ လေတပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ 00 ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ မြန်မာပြည်သူတို့ဟာ စစ်အာဏာရှင် အဆက်ဆက်လက်အောက် လွတ်လပ်မှုများဆုံးရှုံးနေခဲ့ရပြီး စစ်ရှုံးကောင်စီ အာဏာသိမ်းတဲ့နေ့မှစတင်ကာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ရပြီး လွတ်လပ်ရေးနေ့ဆိုတဲ့တိုင် စစ်အာဏာရှင်အောက်မှမလွတ်မြောက်သေးပဲ နေ့စဥ်နဲ့ အမျှ စစ်ရှုံးကောင်စီရဲ့ နှိပ်စက်ညှင်းပန်းမှုအောက် ဒုက္ခရောက်နေတဲ့ ပြည်သူတို့ လွတ်မြောက်ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ မျှော်မှန်းပြီး မစ်ရှင်ကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊။

0 Shares:
You May Also Like
Read More

မုံရွာကနေ စစ်ကိုင်းကိုလာတဲ့ အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။