ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီလ ၃ ရက် မနေ့ကအထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးပြီး (၇၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါး ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနဲ့ စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားတဲ့ အနန်းကွင်းဗျူဟာစခန်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ တပ်ကူ သံတွဲစစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းတွေ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon နဲ့ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တားဆီးပိတ်ဆို့ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသရ​ဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု များပြားနေတဲ့အတွက် စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန်စစ်ကူပေးနေတာကြောင်​ြ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၃ ယောက် ကျဆုံးခဲ့ပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ပုံစာ – မြဝတီ ကော့ကရိတ် အာရှလမ်းမတိုက်ပွဲနဲ အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲတို့က သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းအချို့…
0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှ ပျူခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား…

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က ပျူခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို သူ့ရဲ့နေအိမ်မှာ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ထုံးဘိုကြီးရွာအထွက်တွင် ရွာမီးရှို့လာသည့် စစ်တပ်နှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာပြီး အရပ်သားများကို ဖမ်းဆီးရင်း စျေးဆိုင်နှင့် နေအိမ်များကို ဖျက်ဆီးသွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အရပ်သားနေအိမ်တွေနဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း တပ်သားသစ် ၉ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ၊ လက်နက်နဲ့အလင်းဝင်လာသူများကို သိန်း ၅၀ သိန်းစီ BNRA ဆုချ…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။