ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
သူမရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဒေါ်လာ ၂ သန်းကျော် တန်ဖိုးရှိတဲ့ ဒီဇိုင်နာလက်ကိုင်အိတ် အလုံး ၂၀၀ ကျော်နဲ့ ဒေါ်လာ ၅ သန်းနီးပါးတန်ဖိုးရှိတဲ့ ဇိမ်ခံနာရီ ၇၅ လုံး လည်း ပါဝင်တာပါ။
တယ်လီကွန်း ဘီလီယံနာနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီး ပတွန်တန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တာဖြစ်ပြီး ထိုင်းအစိုးရကို ဦးဆောင်တဲ့ ၄ ယောက်မြောက် ရှင်နာဝပ်မိသားစုဝင် ဖြစ်လာတာပါ။
ဝန်ကြီးချုပ်အနေနဲ့ ပတွန်တန်ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အကြွေးတွေကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ကို ကြေညာဖို့ တာဝန်ရှိတာပါ။
မီဒီယာ ဝဘ်ဆိုဒ်တွေမှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းအရ သူမရဲ့ ကြေညာချက်အတွင်း ပိုင်ဆိုင်မှု ဘတ်ငွေ ၁၃.၈ ဘီလီယံ (ဒေါ်လာ သန်း ၄၀၀) ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ကြေးက ဘတ် ၁၁ ဘီလီယံရှိပြီး ကျန်ငွေတွေက ဘဏ်အပ်ငွေနဲ့ ငွေသားအဖြစ် ရှိကြောင်း သိရပါတယ်။
အခြားပိုင်ဆိုင်မှုတွေထဲမှာ ဘတ်ငွေ ၁၆၂ သန်းတန်ဖိုးရှိ နာရီ ၇၅ လုံးနှင့် Timepieces ၃၉ လုံး၊ ဘတ် ၇၆ သန်းတန်ဖိုးရှိ လက်ကိုင်အိတ် ၂၁၇ လုံးနဲ့ လန်ဒန်နဲ့ ဂျပန်နိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ပါတယ်။
ထိုင်းသတင်းမှာ ဖော်ပြထားတဲ့ NACC မှတ်တမ်းအရ သူမအနေနဲ့ ဘတ်ငွေ ၅ ဘီလီယံနီးပါး ကြွေးတင်ကြောင်း ကြေညာထားတာကြောင့် သူမရဲ့ အသားတင်ပိုင်ဆိုင်မှု ဘတ် ၈.၉ ဘီလီယံ (ဒေါ်လာ ၂၅၈ သန်း) ခန့် ရှိတာဖြစ်ပါတယ်။
ဖြူထိုင်းပါတီ ကိုယ်စားလှယ်တဦးကလည်း ထိုင်းမီဒီယာတွေမှာ ဖော်ပြထားချက်ဟာ မှန်ကန်ကြောင်း AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။
သူမရဲ့ ဖခင် သက်ဆင်ဟာလည်း တချိန်က မန်ချက်စတာစီးတီးဘောလုံးအသင်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၂.၁ ဘီလီယံ ရှိကြောင်း၊ ထိုင်းမှာ ၁၀ ယောက်မြောက် အချမ်းသာဆုံးသူဖြစ်ကြောင်း Forbes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သက်ဆင်ဟာ ၎င်းရဲ့ Shin Corp ဆက်သွယ်ရေးအင်ပါယာကနေ ရရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ နိုင်ငံရေးလောကထဲ ခြေဆန့်ခဲ့ပြီး၊ ၎င်းကိုအာဏာသိမ်းခဲ့ပြိးနောက်ပိုင်းမှာတောင် ၎င်းရဲ့ မိသားစုဟာ သြဇာရှိနေဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ချမ်းသာမှုနဲ့ အာဏာတို့အကြား ကာလကြာရှည် ဆက်နွှယ်မှုရှိနေကြောင်း လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ဒီမိုကရေစီ အပြည့်အဝ လည်ပတ်မှုမရှိတဲ့ နိုင်ငံတခုမှာ ငွေက နိုင်ငံရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍတခုဖြစ်တယ်” လို့ Sukhothai Thammathirat တက္ကသိုလ်က Yuttaporn Issarachai က AFP ကိုအခုလိုပြောပါတယ်။
“ဒါကြောင့်ပဲ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး စစ်တပ်က ဝင်ရောက်စွက်ဖက်တာ (အာဏာသိမ်းတာ) တွေအတွက် အကြောင်းပြချက်ဖြစ်နေတာပါ”။
News- AFP/Photo-Agence France-Presse
0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်ကို တကိုယ်‌တော်ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပြန်လည်လွတ်မြောက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC ဘင်းမ်စတက် အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ် ပထနှစ်ကျောင်းသား ပွန်(အမည်လွှဲ) ဟာ ဒီနေ့ည ၇ နာရီကျော်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။