အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်ခါနီးလာတာနဲ့အမျှ နိုင်ငံရဲ့ ၃ပုံ ၁ပုံကိုတောင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) ကနေ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။
NUG-MOD အနေနဲ့တော့ တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်နိုင်ခဲ့သလို ထိန်းချုပ်စိုးမိုးနယ်မြေ၊ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအစား ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို ထူထောင်လည်ပတ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက မြို့နယ် ၁၄၄ မြို့ကို စိုးမိုးအုပ်ချုပ်နေပြီး အဲဒီအထဲမှာမှ မြို့ ၉၅ မြို့ (မြို့နယ်အားဖြင့် ၄၈ မြို့) ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ထပ်မြို့နယ် ၇၉ မြို့နယ်တို့မှာလည်း တော်လှန်စစ်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီကနေ အုပ်ချုပ်နိုင်တဲ့ မြို့ဟာ ၁၀၇ မြို့သာ ကျန်ရှိကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တနိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ကျန်တဲ့ ၂၄ ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီလက်ထဲမှာ ၃၂ ရာခိုင်နှုန်းသာ ရှိတော့သလို နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကိုသာ ထိန်းချုပ်နိုင်တော့တယ်လို့ ဖော်ပြလာတာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ ကိုယ်တိုင်သိမ်းပိုက်ထားတဲ့ မြို့တွေက ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ အပါအဝင် စုစုပေါင်း မြို့ ၈ မြို့ရှိပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာလည်း NUG လက်အောက်ခံ တပ်တွေက အနည်းဆုံး ၆၇ မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
NUG အနေနဲ့ တိုင်းရင်းသား တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ စုပေါင်းအားကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စု တစ်ခုလုံး လွန်မြောက်တဲ့အထိ ကြိုးပမ်းသွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပုံစာ – သိမ်းပိုက်ထားတဲ့ စခန်းတွေကို စစ်ဆေးနေတဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ပုံဟောင်း) နဲ့ တောင်ပိုင်းစစ်ဒေသကို ရောက်ရှိစစ်ဆေးနေတဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း
0 Shares:
You May Also Like
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် အင်အား ၁၀၀နီးပါးနှင့် တော်လှန်ရေးတပ်များ ထိတွေ့မှုဖြစ်၊ စစ်တပ်ဘက်မှ အရာရှိအပါအဝင်၂၇ဦးသေပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိအပါဝင် စစ်ကောင်စီတပ်သား ၂၇ယောက် သေဆုံးပြီး အယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ထောက်ပံ့ကူညီမှုများ မလုပ်ဆောင်ကြဖို့ ချင်းပြည်သူများကို ICNCC သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။