ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ နဲ့ KNLA၊ SOF၊ ပူးပေါင်းအဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၄၀ ကျော်သေကာ လက်နက်ကြီး လက်နက်ငယ် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ Y12 ဗုံးကျဲလေယဥ်နဲ့ ၁ ကြိမ်၊ လက်နက်ကြီး အကြိမ် ၁၅၀ ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ရဲဘော် ၁ ယောက်ကျဆုံးရကာ ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်၊ အကြမ်းဖက် မောင်းသူတစ်ဦး ပေါင်ထိမှန်ကာ ဖြတ်တောက်ခံရနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ဖားကန့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက်က ဖားကန့် KPDF ရဲဘော်တွေ သင်္ကြန်သံချပ်ထိုးပြီး တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ မှ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ က တပ်စိတ်မှူး  မိုးထက်အောင် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန် ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နောင်ပိန်ရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယနေ့ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာကို နောင်ချိုမြို့နယ်အတွင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

“ကမ္ဘာ့ကလေးများနေ့ ” အထိမ်းအမှတ်အခမ်းအနားမှ ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်အမှာစကား (ရုပ်/သံ)

"ကမ္ဘာ့ကလေးများနေ့ " အထိမ်းအမှတ်အခမ်းအနား မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းပြောကြားတဲ့ အဖွင့်အမှာစကား ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လာပါတယ်။