ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People’s Defence Force က သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကန်ပက်လက်မြို့က ဆုတ်ခွာလာတဲ့ ၅၄ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆောမြို့ကတဆင့် လောင်းရှည်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အင်အား ပူးပေါင်းဖို့ ထွက်ခွာလာချိန် ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်းနဲ့အတူ အမှတ် (၃) တပ်ရင်း၊ လောင်းရှည်တိုက်နယ် (ပကဖ) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၁ ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သား ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်တဲ့စစ်သားတွေကတော့ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် ထွက်ပြေးသွားတဲ့ စစ်သားတွေကို နောက်တရက် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်း၊ လောင်းရှည်တိုက်နယ် (ပကဖ) အဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၃/၅)တပ်ရင်း/ ကိုဘခက်အဖွဲ့ (စလင်း)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ယောက် သေကာ ဒဏ်ရာရ စစ်သား ၁ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
“၃ ဦးသေတာ မျက်မြင်ပါပဲ… ဓာတ်ပုံတွေလည်း ရှိပါတယ်…မတင်တော့တာပါ…ဒီတောတောင် ဒီရေမြင်တွေက ဒေသခံတွေက အသာစီးရတာပေါ့နော် ကျွမ်းကျင်မှုအရရော အခုလိုကြားဖြတ် တိုက်ခိုက်မှုမှာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” လို့ Laung She Regional People’s Defence Force တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ဆေးကုသမှုပေးထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီးရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကို ဆက်လက်အပ်နှံသွားမယ်လို့ ဆိုပါတယ်။
၂ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေဆီက G3 (၁) လက်၊ MA2 (၂) လက်၊ MA3 (၁) လက်တို့နဲ့အတူ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်မှာလည်း ထောတွင်းထဲမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို လောင်းရှည်တိုက်နယ် (ပကဖ) အဖွဲ့က ဝိုင်းဝန်းဖမ်းဆီးရာ အဲ့ဒီစစ်သား ၂ ယောက်က သေနတ်နဲ့ ပြန်လည် ပစ်ခတ်ထွက်ပြေးတာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ် ဟန်ပြကြေညာကာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုအပါအဝင် အဆက်မပြတ် တိုက်ခိုက်နေကြောင်း TNLA ပြော

မြန်မာပြည်တစ်ဝှမ်း အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ ကာလမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်အုပ်စုက ကြေငြာထားပေမယ့် PSLF/TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။