အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအရှေ့မှာ မြန်မာနိုင်ငံအရေး တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် အနုပညာရှင်အချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်အစိုးရက မြန်မာနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာနဲ့ တရုတ်နိုင်ငံရဲ့မှားယွင်းတဲ့ ပေါ်လစီအပေါ် ကန့်ကွက်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို ဆန္ဒဖော်ထုတ်နေ​တာဖြစ်တယ်လို့ သိရပါတယ်။
“ဆန္ဒပြပွဲကို ဇန်နဝါရီလ ၃ ရက် မနေ့က အမေရိကန်နိုင်ငံ စံတော်ချိန် ၂ နာရီကနေ ၅နာရီအထိ ၃ နာရီကြာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ၊ အမေရိကန်နိုင်ငံရောက်နေတဲ့ မြို့နယ် ၈ ခုမှာ နေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအပြင် မြန်မာ အဆိုတော်တွေဖြစ်တဲ့ ရန်ရန်ချမ်း၊ ကော်ဘရာ၊ လင်းနစ်၊ ကျော်သီဟ၊ လင်းထက်၊ ထက်အောင်ရှိုင်းတို့ ပါဝင်ခဲ့ပြီး နှင်းတွေ ကျနေတဲ့ကြားထဲကနေ တရုတ်သံရုံးရှေ့မှာ သံဗုံးတီးပြီး ဆန္ဒပြတာတွေလုပ်ခဲ့တယ်” လို့ ဆန္ဒပြပွဲတတ်ရောက်ခဲ့သူ တစ်ယောက်က ပြောပါတယ်။
ဝါရှင်တန်ဒီစီက အဲ့ဒီဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု Texas, Indiana,Massachusetts, New York, Pensalvinia, West Virginia, Kentucky, North Corolina, South Corolina၊ Virgina နဲ့ Maryland တို့က မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံတမန်​ရေးအရ အကာအကွယ်ပေးနေတာတွေ ရပ်တန့်ဖို့၊ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံနေတာ ရုတ်သိမ်းပေးဖို့၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ ရပ်တန့်ပေးဖို့၊ ကြေးစားတပ်တွေမြန်မာနိုင်ငံမှာ နေရာချထားဖို့ သဘောတူထားတာကိုပါ ရုပ်သိမ်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်ဖို့ ဖိအားပေးနေတာတွေကိုပါ ရပ်တန့်ဖို့ ဆန္ဒပြပွဲကနေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်ကလည်း အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်အနီးမှာ မြန်မာ့အရေးတရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်ကို ကူညီနေမှုအပေါ် ကန့်ကွက်ရှုံချဆန္ဒပြပွဲကို GLOBAL ACTION အနေနဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒဖော်ထုတ်ခဲ့သေးတယ်လို့ ပူးပေါင်းပါဝင်ခဲ့သူတွေဆီက သိရပါတယ်။
ပုံစာ – တရုတ်သံရုံးရှေ့ဆန္ဒဖော်ထုတ်နေကြပုံ
0 Shares:
You May Also Like
Read More

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ပေါ်ကျောင်း ပြိုကျပျက်စီးပြီး သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မင်းစုံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ တော​င်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သက်တော်၈၀အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့အဝင်ရှိ စစ်အုပ်စု ငွေညှစ်ရာဂိတ်ကို ယူနီကွန်းပြောက်ကျား-UGF က သေနတ်မဖောက်ရဘဲ သိမ်းပိုက်ရရှိ…

"ကျနော်တို့သွားပစ်တော့ သူတို့စစ်ကိုင်းဘက်ထွက်ပြေးသွားတယ်။ အဲ့နောက် အင်အားဖြည့်ပြီး ပြန်ထိုးလာပါတယ်။ အဲ့မှာ ဆုတ်တဲ့အချိန်လက်နက်ကြီးပစ်တာမှာ အီနာဂါတွေပါပါတယ်။ အရပ်သားသေတဲ့သတင်းတော့မကြားသေးဘူး။ဆေးရုံတော့ပို့ရတယ်။ "လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGFတာဝန်ရှိသူက ပြောပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။