မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။

လန်ကာဝီမြို့၊ ပန်တိုင်တလေယုမှာ သောကြာနေ့ မနက် ၃း၂၅ က အထောက်အထားမဲ့မြန်မာတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို တင်ဆောင်လာတဲ့ လှေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထောက်အထားမဲ့ မြန်မာတွေကို တင်ဆောင်လာဖွယ်ရှိတဲ့ နောက်ထပ် လှေ ၂စင်းကိုလည်း မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ရှာဖွေလျက်ရှိပါတယ်။

ယခုကဲ့သို့ အလားတူပင် ယခင်ကလည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းသူများ၏ လှေသင်္ဘောများသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်လာလေ့ရှိကြသည်။ (ဓာတ်ပုံ AP)

“မြန်မာကနေ လန်ကာဝီကို ထွက်ခွာသွားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခြေရာခံနိုင်ဖို့ MMEA အနေနဲ့ အစောင့်အကြပ်စစ်ဆင်ရေးကို စတင်ပြီး လှည့်ကင်းတွေကို နှစ်ဆတိုးမြှင့်ကြောင်း” MMEA ရဲ့ ညွှန်ကြားရေးမှူးချုပ် Rosli Abdullah က ပြောပါတယ်။

လန်ကာဝီရဲ့ မြောက်ဘက်ကမ်းရိုးတန်းနဲ့ မလေးနယ်စပ်တဝိုက်မှာ လှေတွေနဲ့ သင်္ဘောတွေ စုစည်းနေတတ်ကြောင်း သူကဆိုပါတယ်။

“အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခြေရာခံဖို့ လေယာဉ်တွေကိုလည်း တပ်ဖြန့်ထားတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် MMEA အနေနဲ့ အဲဒီ လှေနှစ်စင်းရဲ့ ရွေ့လျားမှုကို ခြေရာခံခြင်း ရှိ၊ မရှိ အတိအကျ သိရှိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်လျက်ရှိကြောင်း Rosli က ပြောပါတယ်။

မူရင်းသတင်း – MMEA on lookout for 2 boats carrying undocumented Myanmar migrants

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် နေအိမ်မီးရှို့ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆၉ ရာခိုင်နှုန်းအထိ ရှိနေ

အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။