ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ရှုံးပြီး ထွက်ပြေးလာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ် ၁ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်နဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားသစ် ၁ ယောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းဆီးမှုကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကလေးခရိုင် တပ်ရင်း ၁၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို လက်ရှိမှာ ဒဏ်ရာရရှိထားသူတွေကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေလည်း တော်လှန်ရေး တပ်ဖွဲ့တွေဆီ အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

စလင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) ထံက သိရပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။