ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။

တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ရိက္ခာပြတ်လပ်ပြီး ဒီဇင်ဘာ ၂၈ ရက် မနက်မှာ မယ်လယုတပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စွန့် ခွါကာ ရှမ်းပြည်နယ်ဘက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

မယ်လယုတပ်စခန်းကနေ ၆၀ မမ ဗုံးသီး ၂၁၂ လုံး၊ MA 1 ကျည်အိမ် ၁၂ ခု ၊ A 1 ကျည် ဆံ ၅၄၇၀ တောင့်၊ နောင်တို ကျည်ဆံ ၁၀၂၂၈ တောင့်၊ တိုဘီတို ၁၄ ချောင်း၊ RPG ၆၀ လုံး၊ လက်ပစ်ဗုံး ၁၁၉ လုံး ၊ ၈၁ မမ ဗုံးသီး ၃၃ လုံး ၊ ထောင်ထားတဲ့ ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်းတွေ၊ ဖိုးဝီး ကား ၇ စီး ၊ ၆ ဘီးကား ၃ စီး ၊ ဘူဒိုဇာကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီး တို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ဝင်ရောက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ် အရာရှိများ စီးနင်းလာသည့် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ G2 နှင့် ဗိုလ် ၂ဦး အပါအဝင် ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးရိုးမ Pdf – ဗျူဟာ ၂၂ ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပ (ရုပ်/သံ)

ပဲခူးရိုးမ Pdf - ဗျူဟာ ၂၂ ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဇန်နဝါရီ ၄ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။