အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းတစ်နေရာမှာရှိတဲ့ ဒဏ်ရာရ ရဲဘော်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးသန့်တို့ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆေးခန်းမှာ CDM ဆရာဝန် (၃) ယောက်နဲ့အတူ သူနာပြုတွေ၊ ဆေးအကူတွေ ပူးပေါင်းပြီး ဒဏ်ရာရရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။