ကရင်အမျိုးသားအစည်းအရုံး – KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး၊ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံတကာရောက် ကရင် အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ လူငယ်စုစုပေါင်း (၂၁) ယောက်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ လက်ရှိကော်သူးလေဒေသရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေနဲ့ အမျိုးသမီးနဲ့ လူငယ်အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းတွေကလည်း သူတို့ စုဖွဲ့မှုနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေတွေကို တင်ပြခဲ့ကြပြီး အခုထက်ပိုကာ ကော်သူးလေဒေသ တည်ဆောက်ရေးမှာ အားတက်သရော ပါဝင်နိုင်ရေးအတွက် အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနအနေနဲ့ နိုင်ငံတကာရောက်ကရင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေအတွက် ဆွေးနွေးတင်ပြခြင်းတို့အပြင် နိုင်ငံတကာ သံခင်းတမန်ခင်း ကိစ္စရပ်တွေကို အဓိက လုပ်ဆောင်နေတဲ့ ဌာနတစ်ခုဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှ စစ်ဆင်ရေးမှတ်တမ်းအချို့ Cloud Wings ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDFစစ်ရုံးချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။
Read More

မိတ္ထီလာ ဒရုန်းအထူးစစ်ဆင်ရေးအတွင်း ဗိုလ်မှူး ၂ ယောက်အပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်း NUG တရားဝင်ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။