၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မန္တလေးမြို့ကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အပါအဝင် ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ ရတနာပုံခန်းမတို့လို စစ်ကောင်စီရဲ့ အဓိကဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force – NMD အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မန္တလေးမြို့ပြ UG အဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defense Force – NMD အဖွဲ့အနေနဲ့ တစ်နှစ်တာအတွင်း မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့နယ်တွေမှာ စစ်ရေးဖော်ဆောင်မှုတွေလုပ်ဆောင်ပြီး မြို့နေပြည်သူတွေ သွေးမအေးသွားစေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ရတနာပုံဗိုလ်လောင်းခန်းမနဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်တို့ကို ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊  ရွာသာယာပျူရွာစစ်စခန်းကို ရော့ကတ်တွေနဲ့တိုက်ခိုက်တာတွေအပြင် မန္တလေးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေကိုလည်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း No More Dictatorship People Defense Force – NMD အဖွဲ့ထံက သိရပါတယ်။

“တရားဝင်ထုတ်ပြန်ထားတာကတော့ မစ်ရှင် ၇ခုပါ။ လုံခြုံရေးအရ မဟာမိတ်တွေနဲ့ ပေါင်းလှုပ်ရှားပြီး မထုတ်ပြန်ဖြစ်တဲ့ ၁၀၇ ရှော့တိုက်ဒုံး မစ်ရှင်တွေလည်း ရှိပါတယ်။ ဥပမာ DSA ကိုထုတာပေါ့။ လုံခြုံရေးအရ အဖွဲ့နာမည်ကို မထုတ်ပြန်ခဲ့တာပါ။ လ.ပ.ခ လို အကြီးပိုင်း​နေရာတွေနဲ့ မန်းလေးမြို့လယ်ခေါင်မှာ စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့တာတွေ ရှိတယ်လို့ ပြောရပါမယ်။ မစ်ရှင်တွေ အောင်မြင်ခဲ့လို့ပဲ စကစဘက်က တိုင်းမှူးနဲ့ အခြားအရာရှိကြီးပိုင်းတွေနေပြည်တော်ထိခေါ်ပြီး သတိပေးခံခဲ့ရပါသေးတယ်” လို့ NMD အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြို့တွင်းစစ်ဆင်ရေးတွေ လုပ်ဆောင်ရင်း No More Dictatorship People Defense Force -NMD အဖွဲ့ထဲ မိုင်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိခဲ့သလို အဖွဲ့ဝင် အယောက်၃၀ နီးပါးကိုလည်း  စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

No More Dictatorship People Defense Force -NMD အနေနဲ့လက်ရှိမှာ “၉/တို့အိမ်ပြန်လမ်း ” Project Royal Land “လို့ နာမည်ပေးထားတဲ့ ကမ်ပိန်းနဲ့ အတူ စစ်လက်နက်အင်အားတွေ ဖြည့်တင်းဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က UG ပေမယ့် လက်ရှိ စစ်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ စုဖွဲ့မှုနဲ့ ပြင်ဆင်မှုလုပ်နေတာ ၂နှစ်ကျော်လာပါပြီ။ ခြေကုတ်ယူထားတဲ့ နယ်မြေတွေမှာရော မဟာမိတ်တွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်တာတွေ မကြာမကြာရှိခဲ့ပါတယ်။ အခု နှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ၃၁ရက်နေ့အထိကြာမြင့်မယ့် “၉/တို့အိမ်ပြန်လမ်း ” Project Royal Land” ကမ်ပိန်းလုပ်နေပါတယ်။ Target က သိန်းတစ်ထောင်ပါ။ ဒီကမ်ပိန်းပြည့်မယ်ဆို မန်းလေးမြို့သိမ်းမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်သလို လက်နက်ခဲယမ်းနဲ့ ရဲဘော်တွေရဲ့ အသက်အန္တရယ်ကို ကာကွယ်ဖို့ ကျည်ကာတွေ ၊ ကျည်ကာဦးထုပ်တွေ ဖြည့်တင်းမယ်လို့ မျှော်လင့်ထားပါတယ်” လို့ NMD အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ၊ ကြူကြူလှနှင့် စစ်အရာရှိများ သိက္ခာကျဆင်းအောင် ပြောဆိုရေးသားမှုအတွက် အမှုဖွင့်ခံထားရကြောင်း သတင်းထွက်

သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။
Read More

ကုလစင်မြင့်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရေးတောင်းဆို (ဓာတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဒီနေ့ စက်တင်ဘာ ၂၂ရက်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza မှာ ပြည်ပရောက်မြန်မာတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။