ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။

တကယ်တမ်း ဧရာဝတီတိုင်းထဲက စစ်အင်အားတွေကိုလည်း ရခိုင်တိုက်ပွဲတွေဆီ စစ်လွှတ်ကာ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ အခုလို ဧရာဝတီတိုင်းအတွက် လုံခြုံရေးတင်းကြပ်ရာမှာ စစ်ရေးအကြောင်း သေချာမသိတဲ့ အရပ်သားတွေ၊ မီးသတ်တွေကို ဖိအားပေး စေခိုင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီအတွက် အာရက္ခတပ်တော် AA နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ရခိုင်ဒေသ တိုက်ပွဲတွေဟာ ရခိုင်မှာ ဆုံးရှုံးရုံသာမက ဧရာဝတီတိုင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အင်အားတွေလည်း အလုံးအရင်းနဲ့ လျော့ကျသွားတာ ဖြစ်ပါတယ်။

မောင်းအနေနဲ့ စုံစမ်းကြည့်ရသလောက် ကျုံပျော်အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) ဟာ ရခိုင်ပြည်နယ် ရမ်းဗြဲတိုက်ပွဲအတွင်း လေယာဉ်ပေါ်က ဆင်းပြီး မကြာခင်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံရကာ တပ်ရင်းတစ်ရင်းလုံး ကုန်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဟင်္သာတအခြေစိုက် ခလရ ၁၈၊ ပုသိမ်အခြေစိုက် ခလရ ၃၈၊ မြန်အောင်အခြေစိုက် ခလရ ၅၁၊ အိမ်မဲအခြေစိုက် ခလရ ၆၃၊ မြောင်းမြအခြေစိုက် ခလရ ၉၃၊ ပုသိမ်အခြေစိုက် ခမရ ၂၇၁ နဲ့ သာပေါင်းအခြေစိုက် ခမရ ၃၀၈ တပ်တွေဟာ AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲ အပါအဝင် ရခိုင်ဒေသ စစ်ပွဲတွေမှာ တပ်ရင်းအလိုက် ဖွဲ့စည်းပုံပျက်ကာ သေဆုံးမှုတွေ များခဲ့တယ်လို့ သိရပါတယ်။

မအူပင်အခြေစိုက် အမှတ် ၂၇ ခြေလျင်တပ်ရင်း (ခလရ ၂၇) ဟာလည်း ရှမ်းပြည်နယ် နောင်ချိုတိုက်ပွဲမှာ တပ်ရင်းလိုက် ဖွဲ့စည်းပုံပျက်ကာ ထိခိုက်ဒဏ်ရာရသူတချို့သာ ဧရာဝတီတိုင်းထဲကို ပြန်ရောက်လာခဲ့တယ်လို့ နတခ မှာရှိတဲ့ သတင်းရင်းမြစ်တွေအပြင် တပ်ရင်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၄ ဒီဇင်ဘာလအတွင်း ပုသိမ်မြို့ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်ခဲ့စဉ်

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်း ၁၀ ရင်းထက်မနည်း ရှိခဲ့တဲ့အထဲမှာ တပ်ရင်း ၇ ရင်းလောက်က ရှေ့တန်းစစ်မျက်နှာမှာ ဖွဲ့စည်းပုံပျက်ပြီး မသန်စွမ်းတွေနဲ့ နောက်ချန်အင်အားတွေသာ ရှိတော့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဧရာဝတီတိုင်းကို ရခိုင်ဘက်ကနေ စစ်မီးကူးလာမှာ ကြောက်နေတဲ့ စစ်ကောင်စီဟာ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ စစ်တပ်ထဲက သတင်းပေးတွေကို လှည့်ကင်းနဲ့ စစ်တပ်လုံခြုံရေးအဖြစ် ပြန်လည်အသုံးပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မင်းအောင်လှိုင်က ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း ရခိုင်ပြည် ဂွမြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် ဒီဇင်ဘာ ၂၇ ရက်မှာ ပုသိမ်ကို သွားရောက်ခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံပျက်ပြားပြီး ဖရိုဖရဲဖြစ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်တပ်အသိုင်းအဝိုင်းကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက စိတ်ဓာတ်မြှင့်တင်ရေး လုပ်ရင်း AA ဝင်လာရင် တုံ့ပြန်နိုင်ရေး ပြင်ဆင်ထားဖို့လည်း မှာကြားခဲ့ပါတယ်။ အဲ့လိုမျိုး စိုးဝင်း ရောက်ရှိကာ သူ့စစ်တပ်ကို စိတ်ခွန်အားပေးနေချိန်မှာပဲ ရခိုင်ကို အပို့ခံရမယ့် ဧရာဝတီတိုင်းထဲက စစ်သားတချို့ ထွက်ပြေးခဲ့ကြသေးတယ်လို့ သိရပါတယ်။

အခုဆိုရင် စစ်ကောင်စီက ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကို ကြောက်လန့်နေပေမယ့် ဖရိုဖရဲဖြစ်နေတဲ့ တပ်ရင်းတွေကို ပြန်စုစည်းဖို့ မလုပ်နိုင်တော့ဘဲ အရပ်သားပြည်သူတွေ အပါအဝင် ရသမျှလူ ဆွဲခေါ်ပြီး လုံခြုံရေးတာဝန်ယူခိုင်းနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရပ်ကွက် ၂ ခုက စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေရှိနေတဲ့ ရပ်ကွက်ရုံး၂ခု တစ်နေ့တည်းဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။