ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် – အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်မှာ အင်းလေးတိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တဲ့ တပ်ရင်းမှူး သခွားသီး ၊တပ်ထောက် အယ်ကျော် ၊ တပ်စိတ်မှူး မြတ်သူ နဲ့  ရဲဘော်ဂတုံး တို့ရဲ့ ကျဆုံးခြင်း ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို  ဒီနေ့မှာ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီအခမ်းအနားကို အခမ်းအနားအစီအစဥ် ၇ ခုနဲ့အတူ နှစ်ပတ်လည် နေ့လည်ဆွပ်းကပ်ခြင်းပါ ပြုလုပ်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ခလရလောင်းလုံး နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ၏ တပ်ခွဲမှူး အလင်းဝင်ရောက်

တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက်  အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။