မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် မနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းက အရပ်သားနေအိမ်တွေ၊ ဈေးဆိုင်တွေ၊ ဘာသာရေးအဆောက်အအုံ၊ လူမှုကယ်ဆယ်ရေးရုံးနဲ့ ဈေးတို့ကို လေယာဉ်နဲ့ ဗုံးသီး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၂) ယောက်သေဆုံးပြီး (၁၆) ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရကာ (၁၁) ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့‌တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်(၂၃)လုံး၊ မီးသတ်ရုံး၊ ဘာသာရေး အဆောက်အဦး (နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေးကား(၅) စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး မီးရှို့နေ၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က နှမ်းဆီကန် ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မြေပြင်ရှိ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ရဲဘော်ရဲမေများကို တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မေလ (၁၃) ရက် မနက်ပိုင်းမှာ အမှတ် (၉၀၁) တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာအမှတ် (၁၈) ဌာနချုပ်တို့မှာ မြေပြင်ရှိ ရဲဘော်ရဲမေတွေနဲ့ တွေ့ဆုံကာ အမှာစကားပြောကြားခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား၊ USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) မှ ရဲဘော် ၁ ဦး ကျဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်တပ်တွေ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ရကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။