ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ မဟာမိတ်တွေနဲ့အတူ သိန္နီ၊ လားရှိုး၊ မိုးမိတ်၊ သီပေါ မြို့သိမ်းတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲ နိုင်ခဲ့တာဖြစ်ပါတယ်။

ပြည်သု့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ ခြေတစ်လှမ်းတိုင်းကို အဖိနှိပ်ခံ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်သာ ဦးတည်ရည်ရွယ်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် UFC Fight ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ဖြစ်သူ ဘရန်ဒန် ရိုဗာကို အကြိတ်အနယ်ထိုးသတ်ပြီး ထိုက်တန်စွာအနိုင်ရရှိ

ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။
Read More

မူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၄) ဦး သေဆုံး၊ (၁) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။