၂၀၂၅ ခုနှစ်အတွင်း တောင်တန်းဒေသထိုးစစ်တွေကနေ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ၄နှစ်တာစစ်ရေးအတွေ့အကြုံတွေနဲ့ ဝတ်မှုံကူးသယ်ဆောင်လာဖို့ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ SAF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျောင်းသားလက်ရုံးတပ်တော်(SAF) အနေနဲ့ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(EROs) တွေထံမှာ စစ်ရေး၊ စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊  လေ့ကျင့်ရေးနဲ့ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံတွေကို ၄ နှစ်တာ လေ့လာသင်ယူပြီးတဲ့နောက် အခုနှစ် မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်​မယ့် စစ်ရေးမှာ အသုံးချသွားမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

၂၀၂၅ခုနှစ်ဟာ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) အပါဝင် တော်လှန်ရေးအဖွဲ့တွေ အချိန်အတိုင်းအတာတစ်ခုယူထားတဲ့ မဟာဗျူဟာစစ်ဆင်ရေးတွေကိုစတင်မယ့်နှစ်လို့လည်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။

“တောင်တန်းဒေသတွေမှာ အရှိန်အဟုန်နဲ့ရှိနေတဲ့ ထိုးစစ်တွေက မြေပြင်ထဲကို ရောက်လာဖို့ အဓိက မျှော်ရည်တာပါ။ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ကျ​နော်တို့အပါအဝင် အဖွဲ့တွေအများကြီးဟာ တပ်ကိုကျစ်လျစ်ပြီး တိုက်စွမ်းရည်ပြည့်ဝအောင် စစ်ကိုစစ်နဲ့တူအောင် တိုက်နိုင်ဖို့ အချိန်တွေယူ တည်ဆောက်ထားကြပါတယ်။ ရှေ့မှာ ကျနော်တို့တပ်စစုဖွဲ့တဲ့အချိန်ကနေ အခုထိ အတွေ့အကြုံပြည့်ဝပြီလို့ မပြောလိုပေမယ့် အတိုင်းအတာတစ်ခုအထိ ရှိလာပါပြီ။ ဒါက ကျနော်တို့ အပါအဝင် အခြားနွေဦးတော်လှန်ရေးကာလကနေ ပေါက်ဖွားလာတဲ့အဖွဲ့တိုင်း အတူတူပါပဲ။ ကျနော်တို့နည်းတူ အခြားတပ်တွေကလည်း သူတို့ရဲ့မဟာဗျူဟာတွေ စမယ့်နှစ်ဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ဖို့ကလည်း ကျနော်တို့ ရှိခဲ့တဲ့ မဟာဗျူဟာပါ။ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်” လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်ကဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) အဖွဲ့ဝင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) အနေနဲ့ မြန်မာပြည်အနောက်ခြမ်း ရခိုင်ဒေသမှာ အာရက္ခတပ်တော် AA နဲ့အတူ စစ်ရေးလှုပ်ရှားနေ​ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်းကစလို့ မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသနဲ့ မြေလတ်ဒေသ၊ အထူးသဖြင့် စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ ပြောက်ကျားလှုပ်ရှားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေး အခင်းအကျင်းမှာလည်း တပ်ပေါင်းစုအားနဲ့ပဲ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ထားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်ကပြောပါတယ်။

“လက်ရှိတော်လှန်ရေးအခင်းအကျင်းမှာ တပ်ပေါင်းစုက အရေးကြီးပါတယ်။ တပ်ပေါင်းစုအားနဲ့ပဲ တော်လှန်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြန့်ကြဲနေတဲ့ မတူကွဲပြားတဲ့ လက်နက်​ကိုင်တပ်တွေ၊ တော်လှန်ရေးတပ်တွေကြားမှာ တပ်ပေါင်းစုအဖြစ် လက်တွဲဖို့လိုတယ်လို့ မြင်ပါတယ်။ တပ်ပေါင်းစုတစ်ခုဖြစ်လာဖို့ကတော့ အင်မတန်ခက်ခဲပါတယ်။ စိတ်ရှည်ရမယ်။ သဘောထားကြီးရမယ်။ အချိန်ယူတည်ဆောက်ရမယ်။ ဒီလို တည်ဆောက်နေတဲ့ ကာလထဲ တတ်နိုင်သလောက်တော့ လက်ချင်းချိတ်ထားဖို့လိုပါတယ်။ အဲ့ကနေ တဆင့်နဲ့တဆင့် တပ်ပေါင်းစုအထိ မျှော်လင့်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ လက်ရှိလုပ်နေတဲ့ စစ်ရေးဖော်ဆောင်နေတဲ့ အပိုင်းတွေ၊ နိုင်ငံရေးလုပ်နေပြနေတဲ့အပိုင်းမှာ တပ်ပေါင်းစုတစ်ခုကို မျှော်ရည်လုပ်ကိုင်ကြဖို့ပါပဲ။” လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်နေ့ကလည်း ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ပါဝင်တဲ့ အမှတ် ၈ ကြောင်းရဲ့ ဦးဆောင်မှုနဲ့အတူ PLA ၊ မြိုင်၊ ပေါက်၊ ပခုက္ကူအခြေစိုက်တပ်ဖွဲ့တွေက ရေလာလေးပျူ​စောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သမ္မတရုပ်ရှင်ရုံအနီးက စစ်​ကောင်စီဂိတ်နဲ့ ရွှေပြည်သာ ၁၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက်ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်မှု ကိုယ်စီလုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

ကလေးမြို့နယ်တိုက်ပွဲအတွင်း CDF – KKG တပ်ဖွဲ့မှ တပ်စိတ်မှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay - Kabaw - Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။