တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။

စစ်တပ်က  အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်၊ နိုင်ငံ့ဝန်ထမ်း စတဲ့ မြန်မာနိုင်ငံသားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ တည်ရှိရာနေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်သွားကြတဲ့  နိုင်ငံသားတွေ ပြန်လာကြဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာပါ။

NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေ၊ CRPH နဲ့ NUG တို့အပါအဝင် ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေရလို့ အမြန်ဆုံး ပြန်လာနိုင်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်တပ်အာဏာ သိမ်းယူထားတဲ့ ကာလအတွင်း တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းနဲ့ ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူတွေကလွဲလို့ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ နယ်ပယ်အသီးသီးက နိုင်ငံသားတွေကို သက်ညှာစွာ စဉ်းစားပေးသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့် နိုင်ငံသားအများစုဟာ ပြည်ပနိုင်ငံတွေကို အသီးသီးစွန့်ခွာသွားမှုအပေါ် စစ်ကောင်စီက ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို လူငယ်လူရွယ်အများစုက စံချိန်တင်ထွက်ခွာမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ  လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခြင်းနဲ့ မတရားဥပဒေတွေနဲ့ ဖိနှိပ်နေသလို  စီးပွားရေးကျဆင်းလာမှု၊ လောင်စာဆီ၊ လျှပ်စစ်မီးကိစ္စရပ်တွေကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ဘဲ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနေတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးအတွင်း မင်းအောင်လှိုင်က ပြည်ပကိုရောက်ရှိနေပြီး မြန်မာနိုင်ငံကို  ပြန်လာလိုတဲ့ နိုင်ငံသားအမြောက်အမြားရှိလို့ ပြန်လာနိုင်အောင် သူတို့အစိုးရအဖွဲ့က လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လက်ရှိထုတ်ပြန်ချက်အပေါ်ပြည်ပရောက် မြန်မာနိုင်ငံသားအများစုက ပြန်လည်လှောင်ပြောင် ရှုတ်ချပြောဆိုမှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အခုလိုမျိုး ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ခေါ်ယူမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်တွေကို ဖမ်းသွားတဲ့ PDF အယောက်ဆောင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ယောက် သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။