မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်းနယ်မြေရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဗုံးသီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မြို့ခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတဲ့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း နဲ့ ထွေအုပ်ရုံးက အကြမ်းဖက်စစ်အုပ်စုတွေကို ဒီဇင်ဘာ ၁ရက်နေ့နဲ့ ၂ရက်နေ့ ညဘက်တွေမှာ ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ အရင့်အရင်ကလည်း အခါအခွင့်သင့်ရင်သင့်ပြီဆိုတာနဲ့ အခုလိုမစ်ရှင်တွေ လုပ်ပါတယ်။ အခုဆို စလင်းနဲ့ ဆင်ဖြူကျွန်းမှာ မြို့ခံလူငယ်တွေကို ပေါ်တာဆွဲတာတွေ များလာတယ်။ ဒါကြောင့် လုပ်ဆောင်ခဲ့တာပါ” လို့ ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဆင်ဖြူကျွန်းမြို့မရဲစခန်းအတွင်း စစ်ကောင်စီနဲ့ ရဲတပ်သားအင်အား၅၀နီးပါးရှိသလို အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာတော့ အင်အားနည်းပါးနေချိန် ဖြစ်တယ်လို့ သိရပါတယ်။

“ရဲစခန်းကိုတော့ ဗုံးသီးတစ်လုံးသာပစ်ခတ်နိုင်ခဲ့ပြီး စခန်းနဲ့ ဆယ်ပေအကွာ အပြင်ဘက်ကို ကျပါတယ်။ ထွေအုပ်ရုံးကိုတော့ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ရုံးထဲထိကျတာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ အခြေအနေတွေတော့ မသိရသေးပါဘူး” လို့ ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း ဆင်ဖြူကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး ဒေသခံတချို့လည်း စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့က ဆင်ဖြူကျွန်းတံတားအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဆုတ်လေဦးလမ်းဆုံ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီနှင့် အထက်လူကြီးနှိပ်စက်တာကို မခံနိုင်သဖြင့် PNO ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ PNLA ထံ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ယောက်ဟာ စစ်ကောင်စီတပ်နဲ့ အထက်လူကြီးဆိုသူတွေ နှိပ်စက်တာကို မခံနိုင်တာကြောင့် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။