စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်နဲ့ ကံမရွာထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ တစ်ညလုံး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ကံမရွာမှာက အိမ်ခြေတစ်ထောင်ကျော်လောက်ရှိတယ်။ အခုက ဒုတိယအကြိမ် ထပ်စီးနင်းခံရတာ။ ရွာမြောက်ပိုင်းက စတင်ဝင်ရောက်စီးနင်းပြီး ရွာအလယ်ပိုင်းနဲ့ ရွာမြောက်ပိုင်းမှာရှိတဲ့အိမ်တွေကို မီးရှို့ခဲ့တာ။ ရွာမြောက်ပိုင်းနဲ့ ရွာအလယ်ပိုင်းက ကလေးလူကြီး ၅၀ ထက်မနည်း အဖမ်းခံထားရတယ်” လို့ စစ်ဘေးရှောင်​အရေး ကူညီနေသူတစ်ယောက်က မောင်းကိုပြောပါတယ်။

ကံမကျေးရွာ မီးရှို့ခံထားရစဉ်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေ မကြာခဏ လုပ်ဆောင်လျက်ရှိနေပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ကခည်း မကွေးတိုင်း မြစ်ခြေမြို့ အနီးနားက ကျေးရွာတွေကို ၃ ရက်ဆက် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးကာ ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။