စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။

နှစ်သစ်မှာ ဆားလင်းကြီးမြို့ပေါ် ရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မူးယစ်သောက်စားပြီး PDF ရဲဘော်တွေကို အော်ဟစ်ဆဲဆိုစိန်ခေါ်နေတဲ့အတွက် FixedwingsDrone တွေ၊ Drone Bomb တွေနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi)  နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅)၊ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့  (Salingyi) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ပျူခေါင်းဆောင် သီတာယုမွန်နှင့် စစ်အုပ်စု စခန်းချထားသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ စစ်အုပ်စု အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ် ပြန်ပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတွင် သားအမိ ၃ယောက်ကို ဓားဖြင့်ရွယ်ကာ ဆိုင်ကယ်လုယက် (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။