မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။

ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဝေဟင်ကနေ မြင်းခြံခရိုင်တပ်ရင်း၃ Drone team က ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး မြေပြင်ကနေလည်း ရဲဘော်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။ 

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ တပ်ကူတွေ ထပ်မံရောက်ရှိလာပြီး ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ပစ်ကူပေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာစိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး ဘယ်လောက်အရေးကြီးလဲ (ရုပ်/သံ)

သွားနဲ့ ခံတွင်းဆရာဝန်ဒေါက်တာ စိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး အရေးကြီးတဲ့ အကြောင်းကို ယခုလိုပဲ ပြော ကြားခဲ့ပါတယ်။
Read More

ရဲဘော်တွေအားလုံး အိမ်ပြန်နိုင်ဖို့ ၁၂/တောင်ပိုင်းသို့အပြန် ကမ်ပိန်း (ရုပ်/သံ)

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ တောထဲက ရဲဘော်တွေအနေနဲ့ အိမ်ပြန်ဖို့ဆိုတာ အိမ်မက်တခုပါပဲ… ဒါပေမယ့် အခုဆိုရင်တော့ ခုခံတွန်းလှန်စစ်အဆင့်ထိ ရောက်လာတဲ့အချိန်မှာ အိမ်မက်တွေ အလှမ်းမဝေးတော့ပါဘူး။
Read More

စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနှင့် စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနဲ့ စည်ပင်ရုံးကို ဒီနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Revolutions Force local တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ပန်းဘဲတန်းမြို့နယ် PPP ကိုယ်စားလှယ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည်ကြီးအကနဲ့ ကပြမဲဆွယ် (ရုပ်/သံ)

''ဒီလို ကျပ်မပြည့်တဲ့ကောင်တွေက လွှတ်တော်အမတ်ဖြစ်ချင်နေတာက ‌ေ‌-ာက်ပြဿနာ၊ ဒီလိုအခြေနေမျိုးမှာ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူရဲ့ ဆဲဆိုသံ လှောင်ပြောင်သံတွေကို မသိကြတာလား …. တိုင်းပြည်အရေးထက် ခေတ်ပျက်မှာ အချောင်အမတ်ဖြစ်မလားဆိုပြီး ဝင်ပြိုင်နေကြသူတွေချည်းပဲ'' လို့ Facebook သုံးစွဲသူတွေက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။