အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်ပြည်နယ်က စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကိုထိုးစစ်ဆင် ချေမှုန်းလျက်ရှိတဲ့ ဗျူဟာ (၃၂) ကော်ဘရာစစ်ကြောင်းနဲ့ အဓိက တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရား၀င်ထုတ်ပြန်လိုက်တာပါ။

ဒါဟာ NUG အစိုးရအဖွဲ့၀င်တွေအနေနဲ့ တောင်ပိုင်းစစ်ဒေသက ရန်ကုန်ကိုယ်စားပြု PDF တပ်ရင်းတွေနဲ့ တွေ့ဆုံမှုအပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထပ်မံသွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အဖွဲ့ကို စစ်ဆင်ရေးအခြေအနေတွေ ရှင်းလင်းပြောပြခဲ့တယ်လို့ သိရပါတယ်။

ကော်ဘရာ တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်းအတွင်းရှိ ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကနေ အလင်းဝင်လာသူတွေနဲ့ မိတ်ဆက်တွေ့ဆုံပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကား၊ အားပေးစကားတွေ ပြောကြားပြီး တော်လှန်ရေးရဲဘော်တွေရဲ့ လိုအပ်ချက်တွေအတွက် ထောက်ပံ့ချီးမြှင့်ငွေတွေလည်း ပေးအပ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။