အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်ပြည်နယ်က စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကိုထိုးစစ်ဆင် ချေမှုန်းလျက်ရှိတဲ့ ဗျူဟာ (၃၂) ကော်ဘရာစစ်ကြောင်းနဲ့ အဓိက တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရား၀င်ထုတ်ပြန်လိုက်တာပါ။

ဒါဟာ NUG အစိုးရအဖွဲ့၀င်တွေအနေနဲ့ တောင်ပိုင်းစစ်ဒေသက ရန်ကုန်ကိုယ်စားပြု PDF တပ်ရင်းတွေနဲ့ တွေ့ဆုံမှုအပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထပ်မံသွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အဖွဲ့ကို စစ်ဆင်ရေးအခြေအနေတွေ ရှင်းလင်းပြောပြခဲ့တယ်လို့ သိရပါတယ်။

ကော်ဘရာ တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်းအတွင်းရှိ ပစ်ချထားတဲ့ ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကနေ အလင်းဝင်လာသူတွေနဲ့ မိတ်ဆက်တွေ့ဆုံပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကား၊ အားပေးစကားတွေ ပြောကြားပြီး တော်လှန်ရေးရဲဘော်တွေရဲ့ လိုအပ်ချက်တွေအတွက် ထောက်ပံ့ချီးမြှင့်ငွေတွေလည်း ပေးအပ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရန် MDY PDF ဖိတ်ခေါ်၊ အမှန်တကယ် စစ်တိုက်ရန် တပ်ဆင်ပံ့ပိုးနိုင်ရေး အပြည့်အဝ တာဝန်ယူသည်ဟု ဆို

တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေး ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်မှုများ ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းနဲ့ မကွေးကနေ ဖမ်းဆီးခံရပြီး မိုးဗြဲမှာ စစ်မှုထမ်းနေရသူ ၂ ဦး PDF ထံ ထွက်ပြေးခိုလှုံံ

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။