Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၄၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေကို  မန္တလေးတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်မှု ၉ ကြိမ်၊ ခုခံစစ် ၁၁ ကြိမ်၊ မြို့ပြပြောက်ကျားစစ်ဆင်ရေး ၁၁ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်၊ ဒရုန်းစစ်ဆင်ရေး ၅ ကြိမ်၊ တိုက်ခိုက်မှု စုစုပေါင်း ၄၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တစ်နှစ်တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀  ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၂၄ လက်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းကလည်း ရဲဘော် ကုလားလေးနဲ့ ရဲဘော် ဝဏ္ဏထွန်းတို့ ၂ ယောက် အသက်ပေးလှူသွားခဲ့ရပြီး ရဲဘော် ၂၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ချစ်သုဝေ ဆုတောင်းပေး (ရုပ်/သံ)

မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် တော်လှန်အနုပညာရှင် ချစ်သုဝေက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ချောက်မြို့နယ်အတွင်း စစ်ကော်မရှင်၏ မြို့အဝင်ဂိတ်၊ တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေ၊ အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့အတွင်းရှိ စစ်ကော်မရှင်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ The Commanding Office of Magway District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို လက်နက်ကြီးထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို KIA ၊ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့တယ်ဆိုပြီး ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲဆိုတာကိုတော့ မြေပြင်အခြေအနေအရ မသိရှိရသေးပါဘူး။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။