တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃၀ ရက်ကလည်း မြိတ်မြို့နယ် လသာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ထပ်မံပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွါးကာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာလည်း လသာကျေးရွာရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၁ ကြိမ်၊ ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက်မှာ Kayan National Army က ထုတ်ပြန်ထားပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်နေမှုပုံရိပ်တွေကို ကျောင်းသားလက်ရုံးတပ်တော်ထုတ်ပြန် (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေဟာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ် တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ ထုတ်ပြန်လိုက်ပါတယ်။