အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိတဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ မကြာခဏ တွန်းအားပေး ပြောဆိုလေ့ရှိပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ သင်္ဘောတွေမှာ ဘက်ထရီ စွမ်းအင်စနစ်နဲ့ အသုံးပြုဖို့ ပြောဆိုညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးယာဉ်တွေမှာ လျှပ်စစ်၊ဘက်ထရီ စသဖြင့် စွမ်းအင်တွေ အသုံးပြုနေပြီဖြစ်တဲ့အတွက် သင်္ဘောတွေမှာလည်း ဘက်ထရီစွမ်းအင်စနစ်နဲ့ အသုံးပြုနိုင်ရေး သုတေသနပြု ဆောင်ရွက်ဖို့လိုတယ်လို့လည်း မင်းအောင်လှိုင်က ခပ်တည်တည် ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက အခုလို လက်တွေ့ ဖြစ်မလာတဲ့ စီမံကိန်းတွေကို  လုပ်ဆောင်ဖို့ မကြာခဏ တိုက်တွန်းပြောကြားမှုတွေ  ရှိခဲ့တာပါ။

နိုင်ငံတစ်ဝန်း လျှပ်စစ်မီးတွေ ဆိုးရွာစွာပြတ်တောက်နေစဉ်မှာပဲ လျှပ်စစ်ကားတွေ အသုံးပြုဖို့ ဆက်တိုက်ပြောဆိုခဲ့ပြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်သူဟာ လျှပ်စစ်ကားတင်သွင်းခွင့်ကို အကြီးအကျယ်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ စီကောင်စီသတင်းစာ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ အာဏာစတင်ရယူစဉ်က နေပြည်တော်မှာ မြေအောက်ရထားစနစ်နဲ့ လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမယ်လို့ ပြောကြားခဲ့ပြီး မကြာခင် ရန်ကုန်-ပြည် ခရီးကို လျှပ်စစ်ရထား ပြေးဆွဲမယ်လို့ ထပ်မံပြောဆိုခဲ့ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်မှာ မြို့ပတ်ရထားတွေ အချိန်မှန်ပြေးဆွဲဖို့ အခက်တွေ့နေရချိန်မှာ လျှပ်စစ်ရထားတွေ မဖြစ်မနေပြေးဆွဲဖို့နဲ့ လျှပ်စစ်ရထားလမ်းတွေ တည်ဆောက်ဖို့  မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

ပုံမှန် ရထားတွေမှာပင် ကျွမ်းကျင်ဝန်ထမ်းတွေ မရှိလို့  ထိထိရောက်ရောက် အဆင့်မြှင့်တင်ခြင်း မပြုလုပ်နိုင်တဲ့ အခြေအနေမှာ လျှပ်စစ်ရထားလမ်း တည်ဆောက်မယ်ဆိုတာဟာ အတော်ပင် လက်တွေ့နဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နေ့စဉ် ၄ နာရီ ပြည့်အောင် လျှပ်စစ်မီး မှန်မှနိမပေးနိုင်တဲ့ ရန်ကုန်မှာ လျှပ်စစ်ဘက်(စ်)ကားတွေ ပြေးဆွဲဖို့ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားမှုကို သူ့လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် အတွင်း မင်းအောင်လှိုင်က တိုင်းပြည်အာဏာကို စတင်သိမ်းယူထားစဉ်  နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးတစ်ခုမှာ မြေအောက်ရထားစနစ်၊ လျှပ်စစ်ဘတ်စ်ကားစနစ်တွေ အပြင် စံချိန်မီတက္ကသိုလ်တွေ ပါဝင်တဲ့ လူသန်း ၂၀ နေထိုင်နိုင်မယ့် အနာဂတ် နေပြည်တော်စီးတီးကြီးအဖြစ် အသွင်ပြောင်းမယ်လို့တောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါသေးတယ်။ 

မင်းအောင်လှိုင်ရဲ့ ပြောကြားမှုတွေဟာ နိုင်ငံတကာမှာ အချိန်နဲ့တပြေးညီ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေ ဖြစ်ပေမယ့် အဘက်ဘက်မှာ စီးပွါးရေးအရ ကျဆုံးမှုတွေနဲ့ တိုင်းပြည် နလန်မထူချိန်မှာ ဘယ်လိုမှ ဆောင်ရွက်လို့မရတဲ့ စီမံကိန်းတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို အုပ်ချုပ်နေချိနိ တစ်နိုင်ငံလုံးကို လုံလောက်ပြည့်၀စွာ လျှပ်စစ်မီးမပေးနိုင်တာကို ဝန်ခံပြောဆိုခြင်း မရှိတဲ့အပြင် နိုင်ငံ့စီးပွားရေးက သူဦးဆောင်တဲ့အချိန်မှာ တိုးတက်ကောင်းမွန်နေပြီလို့တောင် ဆိုလိုက်ပါသေးတယ်။

0 Shares:
You May Also Like
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ လက်တွဲဖြုတ်ဖို့ Airbus လေကြောင်းကုမ္ပဏီကြီးကို အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာပေးပို့

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အထောက်အပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ စီးပွားရေး အရလုပ်ကိုင်မှုတွေ လုံး၀ရပ်ဆိုင်းဖို့ ကမ္ဘာ့လေကြောင်း နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Airbus ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။