ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကရင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးပိုင်းနဲ့ လုပ်ပိုင်ခွင့်အာဏာ ကိစ္စတွေပြောရင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ဒုတိုင်းမှူးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ဒီဇင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းက ဖြစ်တာ။ သူတို့ဂေါက်ရိုက်နေရင်း စကားများကြတာပေါ့။ လူကြီးတွေ အချင်းချင်းဖြစ်တာဆိုတော့ အခြားဘယ်သူကမှ မဟန့်ရဲကြဘူး။ အဓိကဖြစ်တာက လုပ်ပိုင်ခွင့်အတွက်ပဲ။ ကရင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အားလုံးက စစ်တပ်ကပဲ ကိုင်ထားတာလေ။ လမ်း​ဂိတ်ကြေး ဆောက်လုပ်ခွင့် အစရှိတဲ့ ကရင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်း မှန်သမျှက စစ်တပ်ပြီးရင် ပြီးနေတာဆိုတော့ ဝန်ကြီးချုပ်က ရုပ်ပြဖြစ်နေတာပေါ့။ စကားများတဲ့အချိန်မှာလည်း လုပ်ပိုင်ခွင့်အာဏာမှန်သမျှကို ဒုတိုင်းမှုးကပဲ စီမံခန့်ခွဲပြီး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပူးပေါင်းလုပ်စားနေကြတယ်ဆိုပြီး အငြင်းပွါးတဲ့ပြဿနာကနေ စဖြစ်ခဲ့တာ” လို့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။ 

“ပြည်နယ်နဲ့တိုင်းဒေသတွေမှာ အခုလို ပြဿနာမျိုးတွေ ရှိကြတာပါပဲ။ဝေစားမျှစားပေါ့။ ဆိုလိုတာက အုပ်ချုပ်ရေးပိုင်းရဲ့ စီမံခန့်ခွဲမှုတွေမှာ စစ်တပ်ကနေရာတကာ ပါဝင်လုပ်ဆောင်နေကြတာ။ အခုကျတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်မခံဘဲ အပြန်အလှန် အတင်အကျ စကားများရာကနေ ထိုးကြိတ်လောက်တဲ့အထိ ပြဿနာက ကြီးသွားခဲ့ရတာ” လို့လည်း တောင်ကလေးဂေါက်ကွင်းမှာ စကားများရန်ဖြစ်နေတာ မျက်မြင်တွေ့ရှိခဲ့တဲ့သူ တစ်ယောက်ကလည်း ပြောပါတယ်။

အရှေ့တောင်တိုင်းမှူးကတော့ မော်လမြိုင်စစ်ဌာနချုပ်မှာ နေရတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တိုင်းဒေသကြီးတွေမှာရှိတဲ့ ဒုတိုင်းမှူးအဆင့်တွေ၊ G1အဆင့်ရှိသူတွေကို ဝန်ကြီးအိမ်ရာတွေ၊ မြို့နယ်အခြေစိုက် တပ်ရင်းတွေရဲ့ အရာရှိ ဧည့်ရိပ်သာတွေမှာ နေထိုင်စေကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုကို စစ်တပ်ကပဲ အနီးကပ် ကွပ်ကဲနေတယ်လို့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။