မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။

ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဝေဟင်ကနေ မြင်းခြံခရိုင်တပ်ရင်း၃ Drone team က ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး မြေပြင်ကနေလည်း ရဲဘော်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။ 

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ တပ်ကူတွေ ထပ်မံရောက်ရှိလာပြီး ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ပစ်ကူပေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ကို အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်မှု စစ်သား ၁၈ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့ (ရုပ်/သံ)

ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တပေါင်းပျူစခန်းကနေ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဇန်နဝါရိ ၁၄ ရက်က တော်လှန်ရေးတပ်တွေ သတင်းကြိုတင်ရရှိပြီး စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း ရိက္ခာသယ်ထွက်လာသည့် ပျူစောထီး ၈ ဦးကို ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။