ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။

 ခွန်းဘီးထူးက ကျရောက်လာပြီဖြစ်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းက တဆင့်ထည့်သွင်းပြောကြားသွားခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အခြေအနေအချို့ကြောင့် တိုက်ပွဲတွေ အေးခဲ့ပေမယ့် အခု ၂၀၂၅ အတွင်းမှာတော့ စစ်ရေးပစ်မှတ်တွေကို ဖော်ဆောင်သွားပြီး ကရင်နီပြည်နယ်မှာ စစ်ကောင်စီကင်းစင်ဖို့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ အောက်ခြေတပ်တွေ ဖရိုဖရဲ ဖြစ်မှုတွေကြောင့် အင်အားအမြောက်အမြား ဘက်ပြောင်းခိုလှုံလာမယ့် အခြေအနေတွေလည်း ရှိနေတယ်လို့  ခွန်း ဘီထူးကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အတွင်း စစ်ကောင်စီဘက်က ၅၀ ထက်မနည်း KNDF ဘက်ကို ဘက်ပြောင်းခိုလှုံမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိခဲ့သလို သင်ခန်းစာများရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

“၂၀၂၅ ထဲမှာဆိုရင် ကျနော်တို့ကရင်နီပြည်နယ်မှာပေါ့ စခန်းတွေ ပြန်သိမ်းနိုင်ဖို့လုပ်ပါ့မယ်။ အဲဒီ အတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှ အားပေးကြဖို့၊ ထောက်ခံဖို့ ပြောလိုပါတယ်။ မိဘ ပြည်သူတွေရဲ့ထောက်ပို့မှုမပါပဲနဲ့ ကျနော်တို့လုပ်နိုင်မှာ မဟုတ် ဘူး။ ဒါ့ကြောင့် စခန်းသိမ်းတဲ့ဟာ တွေကို ၂၀၂၅ ထဲမှာ အပြီးအပြတ်လုပ်နိုင်ဖို့အတွက်ကို ကြိုးစား မယ် ဆိုတာလည်း ပြောပြလိုပါတယ်”လို့  ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို KNDF က ထိန်းချုပ်ထားနိုင်ပြီး လွိုင်ကော်နဲ့ မြို့အချို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ရွှေဝါရောင်တော်လှန်ရေး ၁၇နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရွှေဝါရောင်တော်လှန်ရေး ၁၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာ ၁၈ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

ပထအအကြိမ်ထိုးစစ်မှာ မသိမ်းပိုက်နိုင်ခဲ့တာကြောင့် “သက်ရှိစည်းရိုး”ဟု စစ်တပ်ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များ စတင်ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။