မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်က အကြမ်းဖက်ကောင်စီတပ်သား ၂ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF (၇၈၀၅)တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်း ၂ ခုကို နိုဝင်ဘာ ၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းထံက သိရပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြိမ်းသတ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာစာသင်ကျောင်းကို ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ Homalin People's Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ခင်ညွန့် နေထိုင်ခဲ့ဖူးသည့် ရွှေတောင်ကြားရပ်ကွက် နေအိမ် မီးလောင် (ရုပ်/သံ)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ ယခင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းမှ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ  

ကရင်နီပြည်နယ် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။