အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ရဲမေတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ် – DMO Local PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တပ်ဖွဲ့ တာဝန်ထမ်းဆောင်ချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲတွေမှာ မိုင်းကြောင့် ဒဏ်ရာရသူ ရဲဘော် စုစုပေါင်း ၁၉၉ ယောက် ရှိတဲ့အထဲက ထိခိုက်ဒဏ်ရာ ပြင်းထန်စွာခံစားနေရတဲ့ တပ်ဖွဲ့ဝင် ၃၈ ယောက်အတွက် ငွေကျပ် ၅၉ သိန်း ၅ သောင်းကျပ်ကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရဲဘော် ၃၈ ယောက်ဟာ တာဝန်ထမ်းဆောင်ချိန်အတွင်း ခြေပြတ်၊ လက်ပြတ်၊ မျက်လုံး အစားထိုး၊ အသည်း၊ အဆုပ်၊ ကျောက်ကပ်၊ ဦးခေါင်းစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပြင်းထန်စွာထိခိုက်ခံစားခဲ့ရတဲ့ ရဲဘော်၊ရဲမေတွေ ဖြစ်တယ်လို့ DMO Local PDF က ဆိုပါတယ်။

အခုလို ထောက်ပံ့ငွေပေးနိုင်ရေးအတွက် ကူညီလှူဒါန်းပေးခဲ့တဲ့ ပြည်တွင်း၊ပြည်ပ အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီမော့ဆိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

လက်ပံတောင်းတောင်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ၅ရက်အကြာမှာ ပြန်လွတ်လာ၊ စစ်တပ် မွှေနှောက်ထားလို့ သူတို့နေအိမ်တွေက ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဘာမှမရှိတော့

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေး လက်ပံတောင်းတောင်ဒေသက ဒေသခံ ၂၃ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၅ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးတဝိုက်က ဒေသခံတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးတဲ့နောက် အမှတ်၂၈ ရဲတပ်ရင်းအတွင်း စစ်ကြောရေး ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။