၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားသူ စုစုပေါင်း ၉ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူ (၉) ယောက်ဟာ နိုင်ငံရေးအကျဉ်းသား (၈) ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ (၁) ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၃)ယောက်၊ အမျိုးသား (၁၈) ယောက်၊ LGBT (၁)ယောက်၊ စုစုပေါင်း (၂၂) ယောက်ဟာ အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရချိန် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုတွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုတောင် အလွတ်မပေးခဲ့တာကြောင့် အကျဉ်းထောင်အတွင်းမှာပဲ ကလေးမီးဖွားပြီး ကလေးငယ်ပါ ထောင်တွင်းမှာ အကျဉ်းကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ (၂၇) ယောက် ရှိနေပြီး ကိုယ်ဝန်ဆောင်နေတဲ့ အကျဉ်းသူကတော့ (၇) ယောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

PPNM ရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ ၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်ထဲမှာ တိုက်ပိတ်ရိုက်နှက်ခံရတဲ့ နိုင်ငံရေး အကျဉ်းသား (၇၆) ယောက်နဲ့ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခံရသူမှာ အနည်းဆုံး (၁၄၈) ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စာရင်းတွေဟာ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင် (၄၁) ထောင်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက် အရေအတွက်ပိုများနိုင်တယ်လို့ PPNM က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကလေးမှာ ဒရုန်းနဲ့ဂျမ်မာတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်က ကလေး GTC ထဲကနေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခို​က်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက ပြည်တွင်းဘဏ် ၁၅ ခုကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ပေးမှုက ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်

SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

၃ ကြိမ်မြောက် ကြိုးစားမှုမှာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တော်လှန်ရေးမှာ ပါဝင်မည့် စစ်ကောင်စီတပ်သား

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ ညောက်ကျိုးတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၁ယောက် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပဲခူးအနောက်ခြမ်း အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုထံ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ သိရပါတယ်။