စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့ထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာကား ၆ စီးပါယာဥ်တန်းက ၄ စီးမြောက်လိုက်ပါလာတဲ့ ကားကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း ၄ လုံး၂ ပွိုင့်နဲ့ မိမိရရ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကား ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကားတန်းတွေကို ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံကြိုက်ရင် ရောက်တဲ့နေရာက ရပ်တန့်ပေးဖို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းကင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦးကျော် ဒဏ်ရာရမှု မဟုတ်မမှန်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ပြော

“စခန်းရှိမယ်ထင်တဲ့နေရာတွေ လိုက်ပြီးချတာ။ ထူးထွေတော့ ဘာမှမဖြစ်ဘူး။ တဲတစ်လုံးပဲ ထိသွားတယ်။ လိုင်းပေါ်မှာ ကျနော်တွေ့တယ်။ ကာကွယ်ရေးရဲဘော် ၁၀ ယောက်ထိတာတို့၊ ရွာထဲက ဒေသခံတွေ ထိတာတို့ မဟုတ်ဘူး။ အဲဒါ အလကားပါ။ သူတို့ကြဲသွားတာ တောတွေကို ပစ်သွားတာ၊ ရွာကို မပစ်ဘူး” လို့ ကျောင်းသားတော်လှန်ရေးတပ် Student’s Revolution Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ညီနောင်မဟာမိတ် (၃)ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။