စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့ထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာကား ၆ စီးပါယာဥ်တန်းက ၄ စီးမြောက်လိုက်ပါလာတဲ့ ကားကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း ၄ လုံး၂ ပွိုင့်နဲ့ မိမိရရ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကား ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကားတန်းတွေကို ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံကြိုက်ရင် ရောက်တဲ့နေရာက ရပ်တန့်ပေးဖို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အခင်းဖြစ်ပွားချိန်က အရပ်သားအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်…

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သား၁၂ယောက် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဆန္ဒပြလူအုပ်ကို ကာကွယ်ပေးကာ အကြမ်းမဖက်ရန် တားဆီးမှုကြောင့် ထောင်ကျခံခဲ့ရသည့် ရေပူဆရာတော် ပျံလွန်တော်မူ

နွေဦးတော်လှန်ရေးအစမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ကာကွယ်ပေးခဲ့တဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဥူးဣန္ဒဟာ နိုဝင်ဘာ ၃ ရက် မနေ့ညက ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။