မကွေးတိုင်း၊ ပခုက္ကူမြို့ မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Young Force – UG အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနေ့က ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်ကနေ မြို့ထဲသို့ ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး MA 3 သေနတ် ၃ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၁၆၈ တောင့်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG ၊ Pakokku People Defense Force နဲ့  Pakokku Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင် စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၃ ရက်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF အဖွဲ့ထံက သိရပါ တယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်သားများ စွန့်ခွါထွက်ပြေးသွားသည့် ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းအား တော်လှန်ရေးတပ်များ ရှင်းလင်းရေးလုပ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စွန့်ခွာထွက်ပြေးသွားတဲ့ တပ်စခန်းကို တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း ပျူစခန်းများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အနောက်မကျည်းကန်နဲ့ အောင်သာပျူစခန်းတွေကို ဧပြီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter အဖွဲ့ထံက သိရပါ တယ်။